တပ်မုန်းဝါဒဖြင့် ဒီမိုကရေစီ မတည်ဆောက်နိုင်

ဒီမိုကရေစီလိုလားသူဆိုတဲ့သူအများ
စုဟာ တပ်မုန်းဝါဒီတွေ ဖြစ်နေပါတယ်။
တပ်ကို မုန်းရတဲ့အကြောင်းရင်းက 
နိုင်ငံရေးထဲမှာဝင်ပါလို့ လို့ဆိုပါတယ်။

နိုင်ငံရေးထဲတပ်မတော်ပါလို့ မကြိုက်
ဘူး မျက်စိမှိတ်အော်နေပေမယ့် 
ဘာကြောင့်ပါတာလဲ၊ဘယ်သူတွေကဆွဲသွင်းခဲ့တာလဲ၊မပါအောင်ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ မှန်ကန်တဲ့နည်းလမ်းကို မရှာနိုင်ဘဲ ဝါရင့်နိုင်ငံရေးသမားဆိုသူတွေကိုယ်တိုင်က တပ်မုန်းဝါဒ ရိုက်သွင်းနေခြင်းဟာ တိုင်းပြည်ဒီမိုကရေစီနဲ့ပိုဝေးတဲ့ စစ်အာဏာရှင်စနစ်ဆီ အတင်းတွန်းပို့နေခြင်း သာ ဖြစ်ပါတယ်။

"မြန်မာ့လွတ်လပ် ရေးအတွက်တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်"ဆိုတဲ့သီချင်းအတိုင်း တပ်မတော် ဟာလွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စားတဲ့လူငယ်နိုင်ငံရေးသမားတွေနဲ့ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်လို့ စတင်ပေါ်ပေါက်လာကတည်း ကနိုင်ငံ့အရေး (လွတ်လပ်ရေး) အတွက် ဖြစ်ပါတယ်။

ဂျပန်ခေတ်တလျှောက်လုံးတပ်မတော်အတွင်းမှာနိုင်ငံရေးသဘော တရားတွေ လျို့ဝှက် သင်တန်းဖွင့်လှစ် သင်ကြားစေတာ အဲဒီကာလက စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းတဲ့ တပ်မတော်အတွင်းမှာ(အရပ်သားဖြစ်နေပြီဖြစ်တဲ့)ဦးအောင်ဆန်းက နိုင်ငံရေးကိစ္စတွေ ဝင်ရှုပ်လို့ ဘုရင်ခံဒေါ်မန်စမစ်နဲ့ မကြာခနပြဿနာတက်ခဲ့ရပါတယ်။စစ်တပ်နဲ့နိုင်ငံရေးခွဲခြားထားရမယ်လို့ ခံယူတဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့လက်ထက်တလျှောက်လုံး တပ်နဲ့နိုင်ငံရေးလုံးထွေးလုပ်သွားရတာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်အောက်မှာ တပ်နဲ့နိုင်ငံရေးသီးခြားခွဲထားခဲ့ပေမယ့် နိုင်ငံရေးသမားတွေ ရှာတဲ့ပြဿနာမျိုးစုံကြားမှာ မရှုနိုင်မကယ်နိုင်ဖြစ်ပြီး လွတ်လပ်ရေးရပြီးတစ်နှစ်ကျော်ရုံသာအကြာ ၁၉၄၉ခုနှစ်ဧပြီလမှာ  အဲဒီကာလအာဏာရအစိုးရဖဆပလ ဝန်ကြီးချုပ်ဦးနုက ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းကိုတပ်မတော် ရာထူးအပြင် ဒုတိယဝန်ကြီးချုပ်၊ကာကွယ်ရေးဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးရာထူးတွေပေးပြီးအစိုးရအဖွဲ့ထဲဆွဲထည့်လိုက်တာဟာ တပ်မတော်ကိုနိုင်ငံရေးထဲပြန်ဆွဲသွင်းလိုက်တာဖြစ်ပါတယ်။(လက်ဝဲလက်ယာအုပ်စုတွေ အာဏာသိမ်းရန်တပ်ကို စည်းရုံးမှု၊၅၈၊၆၂၊၈၈ ကိစ္စများထပ်တလဲလဲရေးသားပြီးဖြစ်၍ထပ်မံမဖော်ပြတော့ပါ)

NLDဘာကြောင့်မအောင်မြင်ရသလဲ ဆိုတော့ ဒီမိုကရေစီဆိုတာ တပ်ကိုရန်ရှာခြင်းလို့ ခံယူထားတဲ့တပ်မုန်းဝါဒီတွေ အားကောင်းခဲ့လို့ ဖြစ်ပါတယ်။NLD အာဏာရငါးနှစ်အတွင်းတပ်မတော်နဲ့ပြည်သူအကြားသွေးကွဲရေး၊တပ်မတော်အပေါ်ပြည်သူ လူထု မုန်းတီးရေးများတိုက်ရိုက်သွယ်ဝှိုက်နည်းမျိုးစုံ လုပ်ဆောင်ခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ ပြောင်းလဲလိုက်တာ ဖဆပလအစိုးရကာလဝန်ကြီးချုပ်ဦးနု၊ကာကွယ်ရေးဝန်ကြီးဦးဗဆွေ တို့လက်ထက်၁၉၅၅ခု နှစ်မှာစတင်ပြောင်းလဲတာ ဖြစ်ပေမယ့် တပ်မတော်နေ့ရောက်တိုင်း ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ဖက်ဆစ်တော်လှန်ရေးနေ့ကိုတပ်မတော်က ဓားပြတိုက်ယူသွားတယ်လို့ မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ကြပါတယ်။NLDအာဏာရကာလ ၂၀၁၉ခုနှစ် The Voice ဂျာနယ်အယ်ဒီတာအာဘော်မှာ "စစ်အာဏာရှင်ခေါင်းဆောင်ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်တွင် တပ်မတော်နေ့ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်"လို့ လွဲမှားစွာရေးသားခဲ့သလို ၂၆ မတ် ၂၀၁၉ထုတ် စံတော်ချိန်သတင်းစာမှာဆောင်းပါးရှင်ထက်မြက်က "၁၉၆၂ခု နှစ် စစ်တပ်ကအာဏာသိမ်းကာ စစ်ကောင်စီအုပ်ချုပ်သည့်အခါ သူတို့အာဏာသိမ်းသော မတ်၂ရက်ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်သလို မတ်၂၇ ရက်ကိုလည်း တပ်မတော်နေ့ဟု သတ်မှတ်လိုက်သည်"လို့ တပ်မတော်နေ့ သတ်မှတ်တဲ့အချိန်ကာလကို မှားယွင်းစွာရေးသားထားပါတယ်။

လက်ရှိကာလမှာလည်း တပ်မတော် ပြိုကွဲရေး၊တပ်မတော်အပေါ်ပြည်သူလူထုမုန်းတီးရေး ဂျပိုးကိုလိပ်၊လိပ်ကိုဂျပိုးအမျိုးမျိုးလုပ်ကြံဝါဒဖြန့်မှုတွေကို ကြုံတွေ့နေကြရချိန်ဖြစ်ပါတယ်။တပ်မတော်အပေါ်လူထုမုန်းရင်ပြီးရော၊အချက်အလက်မှန်မမှန် ဂရုစိုက်စရာမလိုဘူးဆိုတဲ့ တပ်မုန်းဝါဒရိုက်သွင်းမှုတွေဟာ တိုင်းပြည်ဒီမိုကရေစီရရေးမဟုတ်ဘဲ စစ်အာဏာရှင်စနစ် သို့မဟုတ် အလုံးစုံပျက်သုဉ်းရေးဆီသာ ဦးတည်မောင်းပို့နေတာဖြစ်ကြောင်း သတိပြုကြဖို့လိုအပ်ပါတယ်။

Crd:ThaungLwinHein

Post a Comment

Previous Post Next Post