တွေးကြည့်လိုက်ရင်တော့ စိတ်မကောင်းဖွယ်ရာပါပဲ...

ခုရက်ပိုင်း PDF ထဲကနေတစ်ဆင့်တောတွင်းလက်နက်ကိုင်အဖွဲ့တွေဆီရောက်သွားတဲ့ လူငယ်လေးတွေရဲ့သတင်းတွေကိုကြားရတာလည်း စိတ်မချမ်းမြေ့ဖွယ်ရာတွေချည်းပဲ 

အောက်က Screen Shot ထဲမှာဆို KNU သူပုန်တွေရှိနေတဲ့ နယ်မြေထဲမှာ အစိုးရနဲ့ စစ်တပ်ကိုတော်လှန်ဖို့ဆိုပြီး ခိုဝင်သွားတဲ့ PDF လူငယ်လေးတစ်ယောက်ကို အချင်းချင်း အကြောင်းပြချက်မရှိဘဲ သတ်လိုက်တာကို သူ့သူငယ်ချင်းကရေးထားတာတွေ့ရတယ်။  

ဆန္ဒပြတော့လည်း နောက်ဆုတ်တဲ့လူတွေကို အချင်းချင်းတွေ ရန်ပြုခဲ့ကြပြီး  ဆန္ဒမပြချင်တော့ဘူးပြောလာတဲ့လူတွေကိုလည်း အချင်းချင်းသတ်ဖြတ်သည်အထိ ဆိုးဆိုးရွားရွားတွေလုပ်ခဲ့ကြတယ်။ ပြောရရင် မြန်မာ့နွေဦးတော်လှန်ရေးကြီးရဲ့ ဇာတ်တူသားစားတဲ့ ကိစ္စက လက်နက်ကိုင်တော်လှန်ရေးမစခင် ဆန္ဒပြပွဲတွေ စခဲ့တာပဲ။ 

လက်နက်ကိုင်ဖို့ တောထဲဝင်ပြန်တော့လည်း PDF ဆိုတဲ့ လူငယ်လေးတွေကို စစ်ပညာမသင်ပေးရသေးဘူး ဒလန်သူလျှိုလို့ထင်တာနဲ့ ရိုက်သတ်ကြတယ်။ သေနက်နဲ့ပစ်သတ်ကြတယ်။ ခုဆို ဒီ PDF တွေလက်ထဲမှာ လက်နက်တွေရှိလာတော့ အချင်းချင်းတွေ ကြက်ကလေးငှက်ကလေးလို ပြန်သတ်နေနိုင်ကြတာကို မြင်ရတွေ့ရတာစိတ်မကောင်းဖွယ်ရာပါပဲ။ 

PDF ခေါင်းကိုင်တွေက အချင်းချင်းသတ်ဖြတ်တဲ့ကိစ္စတွေဖြစ်ရင်တောင် လိုင်းပေါ်မတင်ရဘူး ဖုံးကွယ်ထားရမယ်ဆိုပြီးမှာကြသေးတယ်။ သူတို့အပြောဆို ပြည်သူတွေစိတ်ဓါတ်ကျမှာစိုးလို့တဲ့ ။

 တစ်ကယ်ကသူတို့ ထင်တိုင်းကြဲလုပ်ချင်ရာတွေလုပ်တာကို လူသိမှာစိုးလို့ ဒီလိုတွေ တင်းကြပ်ပြီးမှာထားတာ။ အဲ့လိုမှာထားတော့ အချင်းချင်း ဇာတ်တူသားစားတဲ့ကိစ္စတွေ လိုင်းပေါ်သိပ်ရောက်မလာတော့ဘူး ။ ဒါပေမယ့် ကြာကြာတော့မခံဘူး သူတို့လုပ်ရပ်တွေကလွန်လာတော့ PDF လူငယ်လေးတွေက သည်းမခံနိုင်ကြတော့ဘဲနဲ့ ဒီလိုတွေ လိုင်းပေါ်တင်လာကြတော့တာပဲ။ 

ဒီအဖြစ်အပျက်မှာဆို သူတို့သူငယ်ချင်းက ဘာမှမဟုတ်တာလေးနဲ့ အချင်းချင်းပစ်သတ်ခံလိုက်ရတယ် ။ ပစ်သတ်တဲ့ကောင်ကလည်း မူးရူးနေပုံရတယ် ဖြစ်စဉ်ကိုလည်း လိမ်ပြီးတော့ သူတို့ရဲ့ ဌာနချုပ်ဆိုတာကို တင်ပြထားတယ်။ အဲ့လိုလူတွေထင်ရာလုပ်နေမှတော့ တော်လှန်ရေးကြီးကအောင်မြင်ဖို့အလားအလာမရှိ ။

 ပြီးတော့မြန်မာလူငယ်တွေကို PDF ဖွဲ့ပြီးတော့ KNU တို့ဆီမှာသွားပြီး စစ်သင်တန်းတက်ခိုင်းတဲ့ NUG တို့ဘာတို့ကလည်း တော်တော်တုံးတယ်ပြောရမှာပါပဲ။ လူငယ်တွေကို အလကားသေခိုင်းနေတာ။ KNU ဆို PDF လူငယ်တွေကိုချည်းရှေ့တန်းတင်တိုက်ခိုင်းပြီး သူတို့ကနောက်မှာနေတယ်။ 

ပြေးစရာရှိ သူတို့ထိပ်ဆုံးကပြေးတယ်။ ကရင်သူပုန်အချင်းချင်း စကားပြောစက်သုံးလို့ ဘေးမှာ တခြား တိုင်းရင်းသားလူငယ်တွေရှိတယ်ဆို သူတို့က ကရင်စကားပဲသုံးတဲ့အထိ ခွဲခြားလွန်းတယ်။ ဒီလိုနေရာမှာနေရတဲ့ လူငယ်တွေအတွက်တော့ နေ့စဉ်နဲ့အမျှသေလမ်းကို ဖြတ်လျှောက်နေရသလိုပဲ။
လူငယ်တွေက ကိုယ့်ဘဝတက်လမ်းကိုဖြတ်ပြီးတော့ စိတ်ခံစားမှုနောက်ကိုလိုက်လုပ်ကြတာမှာ ဘဝတွေပျက်ကုန်တာကို စိတ်မကောင်းဖွယ်ရာတွေတွေ့ရတယ်။ ပန်ဆယ်လိုတို့ ဘာတို့တွေ အလှူခံရသမျှတွေနဲ့ သုံးဖြုန်းနေတဲ့အချိန်မှာ  မသထာရေစာလောက်နဲ့ ရှင်သန်နေရတဲ့ PDF တွေဘဝဟာ တွေးကြည့်ရင်ဆို့နင့်စရာပါပဲ။ 

တချို့ကလေးတွေ အသိဝင်မြန်လို့ လွတ်မြောက်လာပြီး နိုင်ငံတွင်းမှာပဲ ဘဝကိုရုန်းကန်ကြိုးစားရင်းကျော်ဖြတ်နေကြတယ်။ ဒါပေမယ့် တောထဲရောက်သွားတဲ့ ကလေးတွေကတော့ နည်းမျိုးစုံနဲ့ ဘဝပျက်ရတယ်။ နောက်ဆုံးအသက်ပါသေသွားကြရတယ်။

 အလှူခံနေတဲ့ အဖွဲ့ကြီးကတော့ အလှူခံနေဆဲပဲ သူတို့လူတစ်စုကောင်းစားရေးအတွက် အောက်မှာ လက်နက်ကိုင်အဖွဲ့ကို ဘာအတွေ့အကြုံမှမရှိ လက်နက်ခဲယမ်းလည်း မပြည့်စုံတဲ့ လူငယ်လူရွယ်လေးတွေနဲ့ တိုက်ခိုင်းရင်း သေခိုင်းနေကြတယ်။ တွေးကြည့်လိုက်ရင်တော့ စိတ်မကောင်းဖွယ်ရာပါပဲ။


Post a Comment

Previous Post Next Post