လူငယ်တို့သည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်

“လူငယ်တို့သည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်” ဆိုသည့် စကားအတိုင်းပင် နိုင်ငံတိုင်း တိုင်းပြည်တိုင်းအတွက် လူငယ်များသည် အဖိုးတန်ရတနာများဖြစ်သည်။ လူငယ်များသည် အမှန်တရားကို လိုလားကြပြီး မဟုတ်မခံ ဆောင်ရွက်လိုစိတ်၊ စူးစမ်းလိုစိတ်များဖြင့် အရာရာကို ရင်ဆိုင်ဖြေရှင်းတတ်ကြသည်။ 

ယနေ့ဖြစ်စဉ်များသည် ၈၈ ပုံစံနှင့် အလားသဏ္ဍာန်တူပြီး တောခို ကျောင်းသားလူငယ်အများအပြား ပါဂျောင်ဖြစ်စဉ်ကဲ့သို့  ၂၁ တွင် တောခိုခဲ့သည့် ကျောင်းသားလူငယ်များလည်း ထိုနည်းတူစွာ ဇာတ်လမ်းများ ခပ်စိတ်စိတ်ကြားရ မြင်ရလာပြန် သည်။

လူငယ်များအနေဖြင့် ခေတ်ဟောင်းက အတိတ်သင်ခန်းစာများ၏ အားသာချက်/အားနည်းချက်များကို လျစ်လှူရှုထားပါက လက်နက်ကိုင်အဖွဲ့များ၏ လက်ကိုင်တုတ်သဖွယ် အပေါစားနိုင်ငံရေးသမားများ၏ သားကောင်သဖွယ် စတေးခံဘဝများ ဖြင့်သာ ဖြတ်သန်းရအုံးမည် ဖြစ်သည်။
crd MYTT

Post a Comment

Previous Post Next Post