တရုတ်သမ္မတ ၏ European Union အပေါ်ထားရှိသည့် သဘောထားများ

တရုတ်နိုင်ငံ နှင့် EU တို့ ပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုးတိုးတက်လာရန် ယုံကြည်နေပြီး ထိုဆက်ဆံရေးတွင် EU အနေဖြင့် အခြားမည်သူ့ကိုမှ မှီခိုမနေသင့်ဟု ယူဆကြောင်း တရုတ်သမ္မတ Xi Jinping မှ Beijing တွင် ပြီးခဲ့သည့် ဧပြီလ ၆ရက်နေ့တွင်  ပြင်သစ်သမ္မတ Emmanuel Macron နှင့် တွေ့ဆုံနေစဉ် ပြောကြားခဲ့ပါသည်။

"တရုတ်နိုင်ငံသည် European Union အား ကမ္ဘာကြီး၏ လွတ်လပ်သော ထောက်တိုင်ကြီးတစ်ခုအဖြစ် အမြဲရှုမြင်ပြီး EU ၏ မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်မှု ကျင့်သုံးနေခြင်းများကို အားပေး ထောက်ခံခဲ့ပါတယ်"

" တရုတ်နိုင်ငံ နှင့် EU တို့ကြားရှိ ဆက်ဆံရေးသည် third partyပုံစံကို ရည်ရွယ်ခြင်းမဟုတ်ကြောင်းကို အခိုင်အမာ ပြောကြားခဲ့ပြီး မည်သူ့ကိုမှ အားမကိုး မည်သူ့ကိုမှ ချုပ်ကိုင်မထားဘူး။"ဟု တရုတ်နိုင်ငံ၏ဗဟိုရုပ်မြင်သံကြားမှ Xi Jinping ၏ ပြောကြားချက်များကို ကိုးကား၍ဖော်ပြခဲ့ပါသည်။

PAN
Apr.7.2023
source.TASS News

Post a Comment

Previous Post Next Post