ထားဝယ်မြို့နယ်တွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ၁၅ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး


#တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကို ဧပြီလ ၂၃ ရက်နေ့က တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ တိုက်ခိုက်ခံခဲ့ရသည့် စစ်ဆေးရေးဂိတ်နှစ်ခုမှာ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ ဘုရားမဲ ဂိတ်နှင့် ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီးတွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းငယ် တို့ဖြစ်ကြသည်။ အဆိုပါစခန်းနှစ်ခုကို မဟာမိတ်ပူးပေါင်းအဖွဲ့များက လက်နက်ကြီးလက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  Mizzima မှ လူမှုကွန်ရက်ပေါ်တွင်  ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

#သတင်းအား စိစစ်ရာတွင် >>> ဧပြီလ ၂၃ ရက်နေ့ ထားဝယ်မြို့နယ် ဘုရားမဲစစ်ဆေးရေးဂိတ်အား PDF များက အဝေးနေရာမှ ချောင်းမြောင်းကာ ပစ်ခတ်တိုက်ခိုက်သော်လည်း စကစစစ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် စကစစစ်သားများ၏ ပြန်လည် တိုက်ခိုက်မှုကြောင့် PDF များ အထိနာကာ ထွက်ပြေးသွားကြောင်း ဒေသတွင်းသတင်းများ အရသိရှိရပါသည်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးတယ်ဆိုပြီး မဟုတ်မမှန် လိမ်ညာရေးသားထားခြင်း ဖြစ်ပါတယ်။
 
#False-News 
#FACT-CHECK
#https://t.me/factcheckmm

Post a Comment

Previous Post Next Post