"ဆင်ကန်းတောတိုးလုပ်နေတဲ့ NUG"


ပြီးခဲ့တဲ့ရက်ပိုင်းက BBC သတင်းဌာနက ဝေဖြိုး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေးဗစ်မက်သီဆန်(David Mathieson)နဲ့ အကြမ်းဖက်အုပ်စု NUG က နေဘုန်းလတ် တို့ ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး BBC သတင်းဌာနမှာ ဖော်ပြခဲ့တာတွေ့လိုက်ရတယ်။ အဲဒီမှာ နေဘုန်းလတ် တစ်ကောင် ဘာမှမသိဘဲ အခြေအမြစ်မရှိတဲ့ ပေါက်လွှတ်ပဲစား စကားတွေ လျှောက်ပြောနေတာကို အထင်သားတွေ့လိုက်ရတယ်။ BBC က အကြမ်းဖက် အုပ်စု NUG ရဲ့ ၂ နှစ်တာကာလအတွင်း လုပ်ဆောင်မှုနဲ့ တိုးတက်မှုတွေ မေးမြန်းတဲ့ အချိန်မှာ နေဘုန်းလတ်တစ်ကောင် ခွေးအကြီးလှည်းနင်းထားသလို တအီအီနဲ့ ဖြစ်နေတယ်။

တစ်ဖက်မှာတော့ BBC ကမေးတဲ့ မေးခွန်းတွေကို နိုင်ငံခြားသား ဒေးဗစ်မက်သီဆန် က NUG ရဲ့ဘာမှမလုပ်နိုင်တာတွေကို သေချာပြောပြနိုင်ခဲ့တာတွေ့ရတယ်။ သူ့ရဲ့ ပြောဆိုမှုတွေမှာ NUG အနေနဲ့ ၂၀၂၃ ခုနှစ် ပထမလေးလတာအထိ ကြီးမားတဲ့ တိုးတက် ပြောင်းလဲမှုမျိုးမမြင်ရကြောင်း၊ NUG လုပ်ဆောင်မှုဟာ အပြောင်းအလဲ ဖြစ်စေတဲ့ လုပ်ဆောင်မှုမျိုး မတွေ့ရကြောင်း၊ ဒီနှစ်ထဲမှာဘာမှဖြစ်မလာနိုင်သလို မကြာသေးခင် လက်တစ်ကမ်းအလိုမှာလည်း ဘာမှပြောင်းလဲမှာမဟုတ်ကြောင်း၊ လေယာဉ်ပစ်လက်နက်တွေ နိုင်ငံတကာက ကူညီပေးနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ကြောင်းနဲ့ လတ်တလောမှာ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီပေးမှုတွေ လျော့ကျလာတာ တွေ့ရ တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကိုကြည့်ရင် နိုင်ငံခြားသားတစ်ယောက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သေချာလေ့လာပြီး ဖြစ်နိုင်တာတွေကို ထောက်ပြပြောဆို ထားတာတွေ့ရတယ်။

တကယ်တော့ နေဘုန်းလတ် ဆိုတဲ့ကောင်အပါအဝင် NUG က လူတွေကို ကြည့်ရင် နိုင်ငံရေးလောကမှာ ဘာမှမသိ၊ ဘာမှနားမလည်ဘူး။ ဘာမှမသိတဲ့ကောင်က လျှောက်ပြောနေတာကို ဘာမှမသိတဲ့အဖွဲ့တွေကလည်း ယုံနေကြသေးတယ်။ NLD ခေါင်းဆောင်တစ်ယောက်ရဲ့ ထဘီနားခိုစားပြီး နိုင်ငံရေးလောကထဲကို ထဘီတန်း အောက်ကနေ ထွက်လာတဲ့သူတွေချည်းပဲ။ အခုလို နဖူးတွေ့ဒူးတွေ့ ဖြစ်လာတဲ့ အချိန်မှာ ဘာအစီအစဉ်မှ မရှိသလို၊ ဘာမှရေရာသေချာတဲ့ လုပ်ဆောင်မှုတွေ မလုပ် တတ်ကြတော့ဘူး။ အာဏာစထိန်းတဲ့ အချိန်ကတည်းကစပြီး အခုချိန်ထိ NUG နဲ့ CRPH ဆိုတဲ့ အကြမ်းဖက်အုပ်စုဟာ တောင်းစားနေတာကလွဲရင် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် ဆောင်ရွက်နိုင်တာ မတွေ့ရဘူး။ ၂၄ နာရီ အတွင်းပဲ သူတို့ အာဏာ ပြန်ရတော့မလိုလို၊ ၇၂ နာရီအတွင်းပဲ သူတို့ နိုင်တော့မလိုလိုနဲ့ ပြည်သူတွေကို တောက်လျှောက်လိမ်ညာခဲ့တာအခုချိန်ထိပဲ။ ဒါကြောင့် NUG ဆိုတာ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ သူတို့အနေအစားချောင်ဖို့ တစ်ခုတည်းအတွက် မျှော်လင့်ချက် အမှားတွေနဲ့ လိမ်ညာနေတာကြည့်ခြင်းအားဖြင့် NUG ဟာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေမှာ တိကျသေချာတဲ့ လုပ်ဆောင်မှုတွေမရှိဘဲ ဆင်ကန်းတောတိုး လျှောက်လုပ်နေရင်းနဲ့ နိုင်ငံရေးလုပ်စားနေတဲ့ အကြမ်းဖက်အုပ်စုတစ်ခုပဲ ဖြစ်ပါတယ်။

ဆောင်းပါးရှင်>> လင်းနိုင်

Post a Comment

Previous Post Next Post