အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ ရှိခဲ့ပါမူ


မိသားစုဆိုသည်မှာ လုပ်ငန်းတာဝန်များ၊ အချင်းချင်းကြင်နာမှု၊ အပြန်အလှန်ကူညီ စောင့်ရှောက်မှုများဖြင့် တစ်ဦးအပေါ်တစ်ဦး မျှဝေပေးကြရသည်။ တစ်ဦးနှင့်တစ်ဦး လေးစားမှုနှင့် အပြန်အလှန်နားလည်မှုများသည် အဖွဲ့အစည်းတစ်ခုအတွက် အရေးကြီးဆုံးဟု ထင်မြင်မိသည်။ ထိုအချက်များလက်ကိုင်ထားပါက အဖွဲ့အစည်းတွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ မည်သည့်အခက်အခဲကြုံကြုံ ဖြေရှင်းအကြံပြုနိုင်ပြီး ခိုင်မြဲသောဆက်ဆံရေး ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက  ခဏတာအတွင်းပင် ပြိုကွဲပျက်စီးခြင်းများဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်။
မိမိတို့နိုင်ငံသမိုင်းတလျှောက်တွင်လည်း ၂၀၁၂-၂၀၁၅ ဝန်းကျင်သည် အဖွဲ့အစည်း အချင်းချင်းအကြား၊ တစ်ဦးနှင့်တစ်ဦးအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများ အကောင်းဆုံးဖြစ်ခဲ့သည်ဟု ထင်မိသည်။
#ဘိုသူ

Post a Comment

Previous Post Next Post