လူထုထောက်ခံမှုကျဆင်းနေသည့် AA အဖွဲ့ဝင်များ ရသေ့တောင်မြို့နယ် မေယုကမ်းဒေသတွင် လူထုစည်းရုံးဟောပြောမှုများပြုလုပ်


ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ULA/AA အဖွဲ့မှ ဦးဆောင်၍ ဒေသခံ ပြည်သူများ ပျော်ရွှင်စေရေး ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲများ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများ၊ ဇာတ်ပွဲများနှင့် ရာသီအလိုက် ကျရောက်သော ပွဲလမ်းသဘင်များ အား ပြုလုပ်ခဲ့ရာတွင် လောင်းကစားဝိုင်းများ ထည့်သွင်းခြင်း၊ အကျင့်စာရိတ္တ ချို့ယွင်းနေသော မိန်းမငယ်များအား လိင်ဖျော်ဖြေရန်အတွက် ထည့်သွင်းရန် ခွင့်ပြု ခဲ့ခြင်းတို့ကြောင့် ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်ဟု သိရှိရ ပါတယ်။
ULA/AA ၏ လုပ်ရပ်များကြောင့် ULA/AA ခေါင်းဆောင်များဖြစ်ကြတဲ့ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်၊ ကျော်ဟန်၊ ခိုင်သုခ တို့ အလိုကျ လက်နက်ကိုင်တိုက်ပွဲဝင်နေရတဲ့ AA အဖွဲ့ဝင်များအနေဖြင့် လက်ရှိပကတိမြေပြင်တွင် အငတ်ငတ်အပြတ်ပြတ်နဲ့ နေထိုင်နေကြရပြီး ချမ်းသာသွားသူများမှာ နယ်မြေမှူးတွေ၊ နိုင်ငံရေးမှူးတွေနဲ့ ၎င်းတို့နဲ့ ပါတနာဖြစ်တဲ့ လက်ဝေခံများသာ ဖြစ်တဲ့အတွက် ရသေ့တောင်မြို့နယ် မြောက်ပိုင်းက AA အဖွဲ့ဝင်များဟာ လူထုထောက်ခံပွဲများဖြင့် ULA/AA ရဲ့ ဂုဏ်သိက္ခာ ပြန်လည်အဖတ်ဆည်နိုင်ရေး ကြိုးပမ်းလာနေတာကို တွေ့နေရတယ်လို့ AA အဖွဲ့က လောင်းချောင်းရွာ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်တွင် ပြုလုပ်တဲ့ လူထုထောက်ခံပွဲကို တက်ရောက်ခဲ့တဲ့ အမည်(မဖော်လိုသူ) အငူမော် ကုန်တန်းကျေးရွာသား တစ်ဦးက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့ ညနေ ၇ နာရီချိန်မှ ၁၀ နာရီချိန်ထိ ရသေ့တောင်မြို့နယ် မြောက်ပိုင်း လောင်းချောင်းရွာ ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ကွင်းပြင်၌ လူထု ထောက်ခံပွဲ အမည်ဖြင့် AA အဖွဲ့က တပ်ရင်းမှူး အဆင့်ရှိသူ တစ်ဦး ခေါင်းဆောင်ပြီး စစ်တွေသား ထွန်းလှိုင် လိုက်ပါလာတဲ့ အင်အား ၂၀ ဦးခန့်ပါ အဖွဲ့သည် ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၎င်း ရဲ့ ဟောပြောချက်များမှာ ပါဝင်နေတဲ့ AA အဖွဲ့ဟာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ဆက်လက်ထောက်ပံ့ကြဖို့၊ လူကြီးလူငယ်မရွေး AA အဖွဲ့ထဲ ဝင်ရောက်ကာ ကျရာတာဝန်ထမ်းဆောင်ကြဖို့လို့ ပါရှိခဲ့သော်လည်း လက်ရှိပကတိ အခြေအနေမှာ ခေါင်းဆောင်ပိုင်းများအနေဖြင့် ခွဲခြားဆက်ဆံနေခြင်းကြောင့် AA အဖွဲ့ထဲက ထွက်ပြေးလာသူများ ရှိနေတယ်လို့ ၎င်းက ဆက်လက်ပြောကြား ခဲ့တယ်လို့သိရပါတယ်။

Post a Comment

Previous Post Next Post