ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက် အကြမ်းဖက်လက်နက်ကိုင်တို့ရဲ့ လားရာ


ငါတို့မှ မဟုတ်ရင် ဘယ်သူမှ မအုပ်ချုပ်စေရ၊ မဲမသမာမှု ဖြစ်ခဲ့ကြောင်း ပါတီထောက်ခံသူတွေ ကိုယ်တိုင်ပြောကြားခဲ့ရတဲ့ အနေအထား အထိ ဖြစ်ခဲ့ကြတာတောင် လက်မခံဘဲ တဇွတ်ထိုး တဇောက်ကန်း မကောင်းတဲ့ အကျင့်ဆိုးတွေနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေကြတယ်။

တိုင်းပြည်အား အလုံးစုံပျက်သုံးရေးကို ဦးတည်ပြီး နိုင်ငံရဲ့ ရှိပြီးသား infrastructure တွေကို မျိုးစုံဖျက်ဆီးနေကြတဲ့ သူတွေက ငါတို့အုပ်ချုပ်မှ တိုင်းပြည်ကို အစကနေ ပြန်လည် တည်ဆောက်မယ်ဆိုရင် ဒီနေ့ထလုပ်ရင် ဒီနေ့ရတယ်လိုများ ထင်နေတာလားမသိဘူး။

လက်နက်ရှိတယ်ဆိုပြီး အရပ်သားပြည်သူတွေကို အကြမ်းဖက်ကာ ဒလန် လို့ခေါင်းစဉ်လေး တပ်လိုက်ပြီး ကြက်ကလေး ငှက်ကလေး သတ်သလို သတ်ဖြတ်နေခြင်းဟာ တရားတယ်လို့ ထင်တာလား? မိမိတို့ လုပ်ရပ်မှန်ကန်တယ်လို့ထင်လား? ဒါမျိုးဘယ်နိုင်ငံမှာရှိလဲ? ကိုယ့်ကိုကိုယ် အထင်ကြီးပြီး အရပ်သားပြည်သူတွေအပေါ် ရက်စက်စွာ သတ်ဖြတ်နေခြင်းအား နိုင်ငံတကာက သင်တို့ကို လက်ခံမယ်လို့ထင်နေတာလား?
#MinZawLwin

Post a Comment

Previous Post Next Post