ကျပ် သိန်း ၁၈၀ ဝန်းကျင်ရှိ ကယ်ဆယ်ရေးပစ္စည်းတွေလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ


ပရဟိတမင်းသမီးဖြစ်တဲ့  ခိုင်နှင်းဝေက ဖြစ်လာနိုင်မဲ့ မိုခါ မုန်တိုင်းဘေး အသက်အန္တရာယ် ကာကွယ်နိုင်ဖိုအတွက် သိန်း ၁၈၀ ဝန်းကျင်ရှိ အသက်ကယ်အင်္ကျီနဲ့ဘောကွင်းတွေ ကယ်ဆယ်ရေးပစ္စည်းတွေကို ရန်ကုန်မြို တောင်ဒဂုံ မြိုနယ် ထွေအုပ်ရုံးမှာ မေလ ၉ ရက် ညနေပိုင်းမှာ လှူဒါန်းခဲ့တယ်လို သိရပါတယ်။

“ကျွန်မတိုကတော့ မုန်တိုင်းသတင်းလေးကြားမိတော့ အသက်ကယ်အင်္ကျီနဲ့ ရေဘောကွင်းတွေကို တောင်ဒဂုံမြိုနယ် ထွေအုပ်ရုံးမှာလှူဒါန်းဖို စီစဥ်လိုက်တာပါ။ ကြက်ခြေနီတို ဌာနဆိုင်ရာတွေကို အပြင်က တကယ်လုပ်ဆောင်နေတဲ့ ပရဟိတအသင်းတွေကို လှူဒါန်းမှူတွေလုပ်သွားမှာပါ။ မုန်တိုင်း သတင်းကြားမိလို ခုလိုလေး အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းတွေကို လှူဖြစ်တာပါ။ မကြာခင်လည်း မိုးတွင်းလည်း ရောက်တော့မှာ ဆိုတော့လေ။ ဖြစ်တဲ့အချိန်မှာ လှူဒါန်းတာထက်မဖြစ်ခင် လှူဒါန်းရတာပိုကောင်းမယ်ထင်လိုပါ။ ခုနှစ်ရက်သားသမီးတွေနဲ့ စုပေါင်းလှူဒါန်းမယ့် အလှူလေးပါ”လို သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

Post a Comment

Previous Post Next Post