မိန်းမတွေရဲ့ ထဘီနားခိုစားပြီး တပ်မတော်ကို ဝေဖန်ဖောင်းထုနေတဲ့ ကျော်ဇေယျ

ကျော်ဇေယျ ဆိုတဲ့လူကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲရဖို့အတွက် ဘာတစ်ခုမှ သေသေ ချာချာ ဂဃနဏမသိဘဲ တပ်မတော်ကို တစ်ဖက်လှည့်နဲ့ အမျိုးမျိုးဝေဖန်ဖောင်းထုပြီး လုပ်စားနေပြန်ပြီ။ အဲဒီလိုမျိုး တပ်မတော်ကို ဝေဖန်ဖောင်းထုမှ လူအထင်ကြီးတာခံရပြီး မဲရမယ်လို့ ထင်နေပုံပဲ။ မင်းအပေါ်မှာ ကျေးဇူးရှိခဲ့တဲ့ မိခင်အဖွဲ့အစည်းကို ကျေးဇူးမတင် ဖင်လှန်ပြပြီး ကျေးဇူးရှင်တွေကို ကျေးစွပ်နေတာ မရှက်ဘူးလား…? ကျော်ဇေယျရေ။

လူပြိန်းတွေအကြိုက် ကြီးကြီးကျယ်ကျယ်တွေပြောပြီး တပ်မတော်ကို ဝေဖန်ဖောင်းထုနေရ အောင် မင်းတပ်မတော်သားဘဝတုန်းကရော ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင် အောင် လုပ်နိုင်ခဲ့လို့လဲ…? ကိုယ်တိုင်ကရော အရည်အချင်းရှိလို့လား…? တပ်မတော်သား ဘဝတုန်းကလည်း ဘာအရည်အချင်းမှမရှိဘဲ မိန်းမ ထဘီနားခိုစားခဲ့တယ်။ တပ်မတော်က ထွက်ပြီးတဲ့နောက်ပိုင်းမှာလည်း NLD ပါတီကို ပြေးကပ်ပြီး ဒေါ်စု ထဘီနားခိုစားတယ်။ နောက်တော့ NLD ကနေ ကန်ထုတ်ခံရပြီး အခြေအနေကောင်းမယ်ထင်တဲ့ PPP ပါတီကို ခြံခုန်သွားပြီး ဒေါ်သက်သက်ခိုင်ရဲ့ ထဘီနားကို ခိုစားပြန်တယ်။

အဲဒီလိုမျိုး ကိုယ်တိုင်က ဘာအရည်အချင်းမရှိဘဲ ဟိုခြံခုန် ဒီခြံကူးတတ်တဲ့ တစ်သက်လုံး ထဘီနားပဲခိုစားနေတဲ့ ခြံခုန်နွားက သူသိသူတတ် ဆရာကြီးစတိုင်နဲ့ ကြီးကြီးကျယ်ကျယ် တွေပြောပြီး မိခင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကို ဝေဖန်ဖောင်းထုနေတာက အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်လို့ပဲမြင်တယ်။ တော်ကြာ တပ်မတော်ကို ဝေဖန်ဖောင်းထုတာ များပြီး ရွေးကောက်ပွဲ မဝင်နိုင်ဘဲလည်း ဖြစ်သွားဦးမယ်နော်။
#MinMin

Post a Comment

Previous Post Next Post