စစ်တွေ ဆိပ်ကမ်းကို အခြေခံထားတဲ့ကုလားတန် Multi ModalTransit Transport စီမံကိန်း

စစ်တွေ ဆိပ်ကမ်းကို အခြေခံထားတဲ့
ကုလားတန် Multi Modal
Transit Transport စီမံကိန်း ရဲ့
လုပ်ငန်းများ ကို မေ ၉ ရက်မှာ
စတင် လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်...

ယင်း စီမံကိန်းမှ အိန္ဒိယ နိုင်ငံ
အရှေ့ပိုင်း ရှိပြညနယ်များ
အထူးသဖြင့် ပြည်မနှင့်
ကြက်လည်ပင်း သဏ္ဍာန်
ဆက်နေတဲ့ ဒေသများ
ဖွံဖြိုး တိုးတက်ရေး အတွက်
ရည်ရွယ်ပြီး အိန္ဒိယ နိုင်ငံမှ
အမေရိကန်ဒေါ်လာ သန်း ၅၀၀
ရင်းနှီး မြုပ်နှံခဲ့တာ ဖြစ်ပါတယ်...

အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကို
ကုလားတန် မြစ်ဝ ရှိ စစ်တွေဆိပ်ကမ်း
ကုလားတန် မြစ်ကို သောင်တူးခြင်း
ကုလားတန် မြစ်အတွင်းရှိ
ပလက်ဝ ဆိပ်ကမ်း တည်ဆောက်ခြင်များ
ပါဝင်ပါတယ်...

အိန္ဒိယ ဆိပ်ကမ်း ကာလကတ္တား မှ
ပင်လယ်ကူး သင်္ဘော ဖြင့် ကုန်များကို
စစ်တွေ ဆိပ်ကမ်းတွင် မြစ်ကြောင်းသွား
သင်္ဘော များဖြင့်ပြောင်းတင်ပြီး...
ပလက်ဝ မြစ်တွင်း ဆိပ်ကမ်းတွင်
ကား ဖြင့် တစ်ဆင့် ပြောင်းတင်ပြီး
အိန္ဒိယ နိုင်ငံရှိ မီဇိုယမ် ဒေသ သို့
ပို့ဆောင်ပေးမယ့် စီမံကိန်း ဖြစ်ပါတယ်...

ပထမဆုံး သင်္ဘောမှ အိန္ဒိယ ဖက်ခြမ်း မှ
မေ ၄ ရက်တွင် ထွက်လာပြီး စစ်တွေကို
မေ ၉ ရက်တွင် ရောက်မည် ဖြစ်ပါတယ်...

#CreditOriginalUploader
https://indiashippingnews.com/india-funded-sittwe-port-in-myanmar-set-to-open-on-9-may/

photo courtesy

Post a Comment

Previous Post Next Post