နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရမည်ဖြစ်ကြောင်း ဗီယက်နမ်သံအမတ်ကြီးပြော


နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသောသူများထံ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများကူညီပေးရာတွင် အာဆီယံအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်ရန်လိုအပ်နေကြောင်း၊ လူသားချင်းဆိုင်ရာအကူအညီများပေးရာတွင်လည်း မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာ၊ လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေ နှင့် စုစည်းညီညွှတ်မှုများကို လေးစားရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Le Thi Minh Thoa က ပြောဆိုလိုက်ကြောင်းသိရပါတယ်။

ဗီယက်နမ်သံအမတ်ကြီး Le Thi Minh Thoa သည် ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးရန် အခြေအနေများနှင့် ပတ်သက်ပြီး ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ Arria-formula အစည်းအဝေးတွင် ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Post a Comment

Previous Post Next Post