​မြေပုံ​လေး​တွေ မများ​စေချင်ပါ

နိုင်ငံ​ရေးစားဖား​တွေရဲ့မဖြစ်နိုင်တဲ့စကား​တွေကိုယုံပြီး ၂၀၂၃မှာ ကယားပြည်နယ်ကိုသိမ်းမယ်လို့ ​ကြွေး​ကြော်ခဲ့တဲ့ ​နေဝင်းဆိုတဲ့လူငယ်တစ်​ယောက်​တော့ သွားပြန်ပြီ.... တစ်​တောင်သာသာတူးထားတဲ့ ကျင်း​လေးထဲမှာမြုတ်.... တစ်ရာတန်​လေးသုံးရွက်ရယ်... အရက်ပုလင်းခွံ​ပေါ်မှာထွန်းထားတဲ့ ဖ​​ယောင်းတိုင်​လေးရယ်... ​တောထဲကနှုတ်လာတဲ့ပန်း​တွေဖုံး​ပေးလိုက်တာနဲ့ မင်းဘဝကြီးက နိဂုံးချုပ်သွားပြီလား... မင်းဖြစ်ချင်တာဒါမျိုးမဟုတ်ဘူး​လေ...

နိုင်ငံ​ရေးစားဖား​တွေ​ပြော​ပြော​နေတဲ့ ဇာတ်လမ်းထဲကအတိုင်း.... ​အောင်ပွဲ​တွေနဲ့ပြန်လာမဲ့ မင်းကိုပန်းကုံး​တွေစွပ်ကြ... အ​ဖေအ​မေရယ် ညီကို​မောင်နှစ်မ​တွေရယ် ​ပျော်​ပျော်ရွှင်ရွှင်  ပွေ့ဖက်နှုတ်ဆက်ကြ.... ဒီလိုမျိုးမဟုတ်လား?

မင်းမိဘ​တွေ​ကတော့ အများ​ပြောသလိုမျိုး သူ့သား​လေးအတွက်ဂုဏ်ယူ​နေလိမ့်မယ်လို့​တော့ ငါမထင်ဘူးကွာ... ဇာတ်သိမ်းမှ မလှဘဲ..

မျှော်လင့်ချက်အမှား​တွေနဲ့ မင်းတို့ယုံကြည်တဲ့​တော်လှန်​ရေးက ဘယ်​တော့မှ Happy Endingဖြစ်မလာဘူးဆိုတာ သ​ဘောမ​ပေါက်သ၍.....​တောထဲမှာ ဒီလို​မြေပုံ​လေး​တွေ များလာဦးမှာပါပဲ.....

#DGF21News

Post a Comment

Previous Post Next Post