ဒီမိုကရေစီနဲ့ နိုင်ငံရေးကြားက စော်ကားခံနေရတဲ့ ဗုဒ္ဓဘုရားနဲ့ ဘုရားသားတော် သံဃာတော်များ


ယနေ့ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်သေဒဏ်သင့်နေ၍ ဘုရားပိတ်သည် ဆိုတဲ့ စာသားကို မြန်မာတို့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံဘုရား အပါအဝင် မြန်မာပြည်ရဲ့ ဒေသအချို့ ဘုရားတွေမှာပါ တွေ့မြင်ခဲ့ရသလို ထပ်ပြီးတော့လည်း တွေ့မြင်ကြရဦးမယ် ထင်ပါတယ်။

မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့် ဆုံးရှုံးနေတယ်တို့ ဘာတို့ အော်နေကြပေမယ့် ကမ္ဘာ့မှာ တကယ်တမ်း စော်ကားခံနေရတာက ဗုဒ္ဓဘာသာဝင်တွေပါ။ ကမ္ဘာ့ရဲ့ တချို့သောနိုင်ငံတွေမှာ ဗုဒ္ဓရဲ့ ပုံတော်ကို အသုံးအဆောင်ပစ္စည်းအနေနဲ့ အသုံးပြုနေကြတာကိုလည်း တွေ့မြင်နေကြမှာပါ။

လူသားတွေအနေဖြင့် သံဃာတစ်ပါးသည် ပုထုဇဉ်လူသားတွေထက် အများကြီး သာလွန်မြင့်မြတ်တယ်ဆိုတာလောက်တော့ လူတွေ သိထားဖို့လိုပါတယ်။

အလှူခံပုဂ္ဂိုလ်ဟာ အလှူမခံထိုက်တဲ့ ပစ္စည်းက လွှဲ၍ အလှူခံသူနဲ့ အလှူခံပစ္စည်း ကို မရွေးချယ်ကောင်းသလို လှူတဲ့သူရဲ့ စိတ်စေတနာ အဓိကဖြစ်ပါတယ်။
#MinZawLwin

Post a Comment

Previous Post Next Post