စောကွယ်ထူးဝင်းရဲ့ စီးပွားရေးနဲ့ KNU အကွဲအပြဲ


မြဝတီဖက်က ကာစီနိုလောင်းကစားလုပ်ငန်းတွေရဲ့ နောက်မှာ ဘယ်သူရှိလဲ ဆိုရင် KNU လို့ပြောရမယ်။ ထိုင်း ဘက်ကကူးလာတဲ့ တရားမဝင်ကာစီနိုတွေကို ခေါ်သွင်းလာတာက KNU ကာကွယ်ရေးဌာနကပိုင်တဲ့ မုလအိ အလင်းကုမ္ပဏီ။ ကုမ္ပဏီမှတ်ပုံတင်အမှတ်က 120950398။
ကာစီနိုတွေကို ဆောက်ဖို့အတွက် မြေငှားပေးတာက KNU။ စာချုပ်ချုပ်တော့ မုလအိအလင်းကုမ္ပဏီနာမည်နဲ့ Trans-Asia International Holding Group နဲ့ ချုပ်ထားတယ်။ တကယ်တမ်း မြေငှားပေးတာက KNU ။ အဲ့ဒီတုန်းက စောကွယ်ထူးဝင်းနဲ့ စောရောဂျာခင်တို့က ခွင့်ပြုပေးလိုက်ပြီး သက်သေအနေနဲ့ လက်မှတ်ထိုး ထားခဲ့တယ်။
စောကွယ်ထူးဝင်းက KNU ဘဏ္ဍာရေးကော်မတီက(ဗဟို) က အဖွဲ့ ခေါင်းဆောင်၊ စောရောဂျာခင်က အဖွဲ့ဝင်။
* မြေငှားက ၁ ဧက ကို တစ်နှစ်အတွက် ဘတ် (၃၅,၀၀၀) နဲ့ ဧက ၁၀၀ အကျယ်ရှိတဲ့ မြေနေရာကို နှစ် ၃၀ ငှား ပေးတယ်။
* သီးခြား ဧက ၃၀ အတွက် လုံခြုံရေးစောင့်ရှောက်ခဆိုပြီး တစ်လ ကို ဘတ် (၅) သိန်း နဲ့ ချုပ်ထားတယ်။
* စာချုပ်ထဲမှာ လုပ်ငန်းစရင် ဘတ် (၁၀) သန်း စရံပေးရမယ်ဆိုပြီး ပါတယ်။
* မြေငှားခက ၆ လ တစ်ဖြတ် ဘတ် ၁၇ သိန်း ၅ သောင်းပေးတယ်။
* ဧက ၃၀ အတွက် လုံခြုံရေးစောင့်ရှောက်ခက ၁ လ ဘတ် (၅) သိန်း
* စာချုပ်က ၂၀၂၀ ဖေဖော်ဝါရီတည်းက ချုပ်ထားတာ။ ခုဆိုရင် ၃ နှစ် ရှိနေပြီ။ လုံခြုံရေးအတွက်က ဘတ် သိန်း (၁၈၀) နဲ့ မြေငှားက ဘတ် (၁၀၅) သိန်း စုစုပေါင်း ဘတ် (၂၈၅) သိန်း။ မြန်မာငွေနဲ့တွက်ရင် သိန်းထောင်ပေါင်း များစွာ ရပြီးနေပြီ။
နောက်ပိုင်းမှာ KNU မှာ အကြီးပိုင်းတွေ အချင်းချင်း မတည့်ရာကနေ မုလအိအလင်းက နှုတ်ထွက်သွားတယ်။ နောက်ပိုင်းမှာ ဝင်လုပ်တဲ့ ဒေသခံကုမ္ပဏီဆိုတဲ့ Trust Star ကုမ္ပဏီက ဝင်လုပ်တယ်။ Trust Star ကလည်း KNU ကျောထောက်ခံပြုထားတဲ့ ကုမ္ပဏီပဲ။ အဲ့ဒီနောက်မှာ ကရင်အဖွဲ့တွေကြားထဲမှာ ကာစီနိုကိစ္စအသံတွေ ထွက် လာတော့မှ စောကွယ်ထူးဝင်းတို့က မသိပါဘူးဆိုပြီး ဗျောင်ငြင်းလိုက်ပြီး သူ့အောက်က စောရောဂျာခင်ကို ထိုးကျွေးလိုက်တယ်။
ခု  ၁၇ ကြိမ်မြောက် ကွန်ကရက်မှာ စောရောဂျာခင်က ပြန်အရွေးမခံရဘဲ စောကွယ်ထူးဝင်းက ဥက္ကဌ ဖြစ်လာတယ်။ တကယ်တမ်း တာဝန်ရှိတာက ခေါင်းဆောင်အနေနဲ့ လက်မှတ်ထိုးထားတာက စောကွယ် ထူးဝင်းပဲ…
စောကွယ်ထူးဝင်းက စစ်တပ်ကို အပြုတ်တိုက်ဖို့ လိုလားတဲ့အဖွဲ့က။ ဒါပေ့မယ်ခုကွန်ကရက်ကို တပ်မဟာ ၂ နဲ့ တပ်မဟာ ၅ က လူကိုယ်တိုင်လာမတက်ဘူး။ ဘာကြောင့်လဲဆိုရင် စောကွယ်ထူးဝင်းလုပ်စားသွားတဲ့အကွက်ကို မကြိုက်လို့။
ခု KNU ဥက္ကဌရွေးပွဲမှာ စောကွယ်ထူးဝင်းနဲ့ စောဆဲဂေဒိုက မဲမပြတ်လို့ ဒုတိယအခေါက် ပြန်အရွေးခံတာမှာ ၂ မဲ အသာနဲ့ ဓနအင်အားရှိတဲ့ စောကွယ်ထူးဝင်းက ဥက္ကဌအသစ်ဖြစ်လာတယ်… စောကွယ်ထူးဝင်းကပဲ မဲဝယ်လိုက်တာလား …
ပြီးခဲ့တဲ့ မတ်လလောက်က မြဝတီဖက်က ကာစီနိုတွေကို KTLA ရဲ့ ကော်ဘရာအဖွဲ့တွေက ဝင်ပြီး ဖျက် ဆီးသွားတယ်။ သူတို့ဖျက်တာက BGF ပိုင်တွေ။ KNU ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့ ကာစီနိုတွေကို မဖျက်ဘူး။
အဲ့ဒီကာစီနိုတွေကို ကော်ဘရာက တာဘောရဲ့ အဖွဲ့တွေက ဝင်ဖျက်သွားလို့ စောကွယ်ထူးဝင်းတို့က နယ်ဒါးမြကို ဆက်မလုပ်ဖို့ လှမ်းပြောတယ်။
ဒါပေမယ့် လက်ပြတ်တို့ရဲ့ lion စစ်ကြောင်းက နားမထောင်ဘဲ KNU ရဲ့ ကာစီနိုတွေပါ လုပ်မယ်ဆိုပြီး တက်ချ သွားတော့ KNU တပ်မဟာ (၇) ထဲမှာ ပိတ်ပြီး ဝိုင်းအတိုက်ခံလိုက်ရတယ်။
မြဝတီနဲ့ ဆက်စပ်နေတာက KNU တပ်မဟာ ၇ ။
တမဟ ၇ က စစ်တပ်နဲ့ ငြိမ်းချမ်းရေးလုပ်ချင်တယ်။ ခုစောကွယ်ထူးဝင်းတို့က တမဟ ၇ နဲ့ သဘောကွဲလွဲပြီး  KNU ဗဟိုရဲ့ အမိန့်ကို နားမထောင်တော့ဘူးဆိုပြီး ဖြစ်လာတယ်။
အဓိက စောကွယ်ထူးဝင်းက စီးပွားရေးတွေနဲ့ ဆက်စပ်ပြီး လုပ်လာတာကြောင့် KNU မှာ အဖွဲ့တွေကွဲကုန်တာ ဖြစ်တယ်။
#bLUEjEANS
https://m.facebook.com/story.php?story_fbid=pfbid022EMQDoPEZpyjWQYE74efTjx2H25rhCvLk6Lk33112nR3F67HYZv7ZzeyhXkRJ4zql&id=100091925242275&mibextid=Nif5oz

Post a Comment

Previous Post Next Post