နိုင်ငံ့ဝင်ငွေ ဆုံးရှုံးနေသည့် ကိစ္စရပ်များ




🚨🚨🚨🚨🚨🚨🚨🚨🚨🚨
၄/၂၀၂၃ လ ကုန်သွယ်မှုတန်ဘိုးသည် ပို့ကုန်ထက်သွင်းကုန်က US$ သန်း၄၀၀ ခန့်ပိုမိုများနေကြောင်းသိရ

နိုင်ငံ့ဝင်ငွေ မတိုးတက်ရသည့်အဓိကအ​ကြောင်းရင်းများမှာ-
၁။နိုင်ငံပိုင်မြေပေါ်မြေအောက်ရေပေါ်ရေအောက်သံယံဇာတများဖြစ်သည့်၊ ကျွန်းသစ်၊ပိတောက်၊တမလန်း၊နံသာနီ၊ခဲမဖြူ၊မြေရှား၊ရွှေ၊ငွေ၊သတ္တုစသည့်တွင်းထွက်အမျိုးမျိုး၊ကျောက်စိမ်း၊ကျောက်မျက်ရတနာများ၊
ရှေးဟောင်းပစ္စည်းများ၊ကျွှဲ၊နွား၊သစ်တောထွက်ပစ္စည်းများ ကို နေ့စဉ် အိမ်နီးချင်း၊ဒေသတွင်းနိုင်ငံများသို့ ခိုးထုတ်နေကြပါသည်။

၂။ရာဘာများ၊ငါးအမျိုးမျိုး၊သားရေအမျိုးမျိုး၊အမဲသား၊စသည်တို့ကို Duty + Carry အခွန် ၁၀% ဘဲဆောင် ကျန် ၉၀ % မှောင်ခို ခိုးရောင်းနေကြပါသည်။

၃။ခဲမဖြူ ကို တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ကယားပြည်နယ်များမှ ခနောက်စိမ်းပါမစ် သို့မဟုတ် မှောင်ခိုဖြင့် ခိုးထုတ်နေကြခြင်း။

၄။အဖိုးတန်သစ်များကို ထိုင်းနှင့်တရုတ်နိုင်ငံများသို့ ကားလမ်းမှ၄င်း၊ ထိုင်း၊မလေးရှား၊ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ရေလမ်းမှ၄င်းခိုးပို့နေကြပါသည်။

၅။ကျောက်စိမ်းကို တရုတ်နှငိ့ ထိုင်းနိုင်ငံများသို့ နယ်စပ်မှတစ်ဆင့်ခိုးထုတ်နေကြပါသည်။
လစဉ်အဆိုပါနိုင်ငံများ၏ ပြည်ပမှတင်သွင်းသည့် လစဉ်သွင်းကုန်စာရင်းကို ကြည့်ပါက မြန်မာနိုင်ငံမှ ခိုးထုတ်သွားသည့် အမျိုးအစားနှင့်အရေအတွက်၊ တန်ဘိုးကို အတိအကျသိရှိနိုင်ပါသည်။

၅။ပြည်ပမှ လိုင်စင်မဲ့ကားများထိုင်းနယ်စပ်မှ တရားမဝင်နေ့စဉ်တင်သွင်းနေပါသည်။ လိုင်စင်မဲ့ကား ၂ သန်းနီးပါးရှိသည်ဟု ခန့်မှန်းကြပါသည်။

၆။အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်ရွှေတုံးများတင်ပို့နေပါသည်။

၇။အကောက်ခွန်မဲ့ပစ္စည်းမျိုးစုံ အိမ်နီးချင်းနိုင်ငံများကတင်သွင်းနေပါသည်။

အထက်ပါ မှောင်ခိုများထိရောက်စွာဖမ်းဆီးတားမြစ်နိုင်ပါက နိုင်ငံ့ဝင်ငွေတိုးကာ မြန်မာငွေတန်ဘိုးတက်လာပါလိမ့်မည်။
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

Post a Comment

Previous Post Next Post