ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရန် ပုပ်ရဟန်းမင်းကြီး၏ ကြားဝင်ဆောင်ရွက်မှုများကို သမ္မတဇီလန်စကီးပယ်ချ


ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်ရာတွင် ကူညီပေးမည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတဇီလန်စကီးကပယ်ချခဲ့ကြောင်းသိရပါတယ်။

ထို့ပြင် ဇီလန်စကီးသည် ယူကရိန်းအစိုးရနှင့် ရုရှားကြား အဆက်အသွယ်အားလုံးကို ယခင်တည်းကဖြတ်တောက်ထားခဲ့ပြီး ပဋိပက္ခအဆုံးသတ်ရေးအတွက် နိုင်ငံရပ်ခြားမှ ဖျန်ဖြေမှုအားလုံးကို ပယ်ချခဲ့ကြောင်းသိရပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးက"ပုပ်ရဟန်းမင်းကြီးကို လေးစားတဲ့အနေနဲ့ ကျွန်တော်တို့က ဖျန်ဖြေမှုတွေကို မလိုအပ်ပါဘူး။ ကျွန်တော်တို့က တရားမျှတတဲ့ ငြိမ်းချမ်းရေးကိုပဲလိုအပ်တာပါ။ ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ရတာ ကျွန်တော့်အတွက်ဂုဏ်ယူစရာပါ။ ဒါပေမယ့် ကျွန်တော့်ရပ်တည်ချက်ကိုသိမှာပါ။ ယူကရိန်းမှာစစ်ပွဲတွေဖြစ်ပွားနေပြီး ငြိမ်းချမ်းရေးကလည်း ယူကရိန်းနိုင်ငံသားတွေအတွက်ပဲ ဖြစ်ရမှာပါ။ ရုရှားသမ္မတပူတင်နဲ့ ပြေလည်အောင်ညှိနှိုင်းလို့မရပါဘူး"ဟုပြောဆိုခဲ့တာပါ။

Post a Comment

Previous Post Next Post