ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မြန်မာပြည်အလယ်ပိုင်းမှ လူငယ်များကို လိမ်လည်စည်းရုံးသိမ်းသွင်းကာ ဖမ်းဆီး tတ်ဖြတ်မှုများပြုလုပ်

 စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့တွင်နေထိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့၊ ရွှေဝါရွာတွင် အခန်းငှားပြီး တံမျက်စည်းများ ရောင်းချနေသော သန်းဇော်(ခ) မိုးညို၊(ဘ) ဦးဘိုအောင်၊ ထက်မြတ်အောင်(ခ) ကုလား၊(ဘ) ဦးခင်မောင်စန်း၊ ကျော်ခိုင်လင်း(ဘ) ဦးအောင်နိုင်ဝင်း နှင့် ဟိန်းထက်ဇော် (ဘ) ဦးဇော်ညွှန့်တို့လူငယ် ၄ ဦးသည် မေလ ၁၀ ရက်နေ့တွင် လောက်ကိုင်မြို့ နယ်၊မန်တုံပါးကျေးရွာနှင့် ရန်လုံကြိုင်းကျေးရွာများသို့ ဈေး သွားရောင်းရာမှ ယနေ့အချိန်အထိ မိသားစုထံသို့ ပြန်လာခြင်းမရှိဘဲ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရပါတယ်။

    အဆိုပါလူငယ် ၄ ဦးသည် မည်သည့် နိုင်ငံရေးနှင့်မျှပက်သက်ခြင်းမရှိဘဲ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်သတ်ဖြတ်မှု့များကြောင့် ဘဝရပ်တည်ရေးခက်ခဲသည့်အတွက် ဟိုပန်မြို့သို့ လာရောက်ဈေးရောင်းချ စားသောက်နေကြသည့် လူငယ်များသာဖြစ် ကြောင်း၊ ၄င်းတို့သုံးစွဲနေသော လက်ကိုင်ဖုန်းများပါ ကိုယ်စီပါသွားသော်လည်း အဆက်အသွယ်မရရှိတော့ကြောင်း  သိရှိရပါတယ်။

     ၄င်းတို့၏ လုံခြုံရေးအတွက် မိသားစုဝင်များမှာ အလွန်အမင်းစိုးရိမ်ပူပန်လျှက်ရှိနေကြပြီး ဖမ်းဆီးထိမ်းသိမ်းထားသည့် လက်နက်ကိုင်အဖွဲ့များအား ၄င်းတို့ကို လက်လွတ်စပယ် သတ်ဖြတ်မပြစ်ကြပါရန် မိသားစုမှ အနူးအညွတ်တောင်းဆိုနေကြပြီး ၄င်းတို့ ၄ ဦးကို အသက်ရှင်လျှက်ပြန်လည်တွေ့မြင်လိုကြကြောင်း ဟိုပန်မြို့ မြို့မိ မြို့ဖတစ်ဦးမှ သတင်းပေးပို့လာပါတယ်။

       လတ်တလောမြန်မာပြည်အလယ်ပိုင်းတွင် အကြမ်းဖက်သတ်ဖြတ်မှု့များကို တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်နက်နှင့်လူအင်အားအကူအညီဖြင့် အကြမ်းဖက် (PDF) အဖွဲ့များက နေ့စဉ် tတ်ဖြတ်လျှက်ရှိနေပြီး တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြီးစိုးရာဒေသများတွင် လစာကောင်းကောင်းပေးမည်ဟု လိမ်လည်ကာ မြန်မာလူငယ်များကို ခေါ်ယူနေလျှက်ရှိကြောင်း သိရပါတယ်။

''လူငယ်တွေကို ငွေများများမက်လုံးပေးပြီးခေါ်နေကြတယ်။ရောက်လာရင် ကလီစာတွေထုတ်ပြီး tတ်တယ်။ ထုတ်ပြီးတဲ့ကလီစာတွေကို ဒီနေ့အထိ တရုတ်ပြည်ဖက်ကို ရောင်းနေကြတုန်းဘဲ'' ဟု တရုတ်နယ်စပ်ဖက်တွင် အလုပ်လုပ်ကိုင်ဘူးသော ဟိုပန်မြို့ခံတစ်ဦး က ပြောပြလာပါတယ်။

''နောက်တခါ (PDF) အကြမ်းဖက်အဖွဲ့တွေကလည်း ယုံကြည်အောင်လိမ်ပြီးခေါ်ကြတယ်။ (PDF)အကြမ်းဖက်အဖွဲ့ထဲက ကောင်လေးတွေကောင်မလေးတွေကို ဗီဒီယိုရိုက်ပြပြီး ဒါက ငါအလုပ်လုပ်တဲ့ စက်ရုံ။ ဘာမှမလုပ်ရဘူး၊ တလကို ၇ သိန်းကစပြီး ၁၀ သိန်းထိရတယ်၊လာခဲ့၊ ငါ့သူဌေးကိုပြောထားတယ် စသဖြင့်လိမ်ခေါ်ပြီး လူသစ်စုနေကြတာတွေလည်းအများကြီးဘဲ'' ဟု အဆိုပါ မြို့ခံမှ ဆက်လက်ပြောပြပါတယ်။

    ''အဓိကက မြန်မာပြည်အလည်ပိုင်က လူငယ်တွေ ခေတ်မကောင်းတဲ့အချိန်မှာ ဘယ်ကိုမှ သွားပြီး အလုပ်မလုပ်ချင်ကြနဲ့၊ ဟိုတစ်နေ့က အဖြစ် အပျက် တစ်ခုပြောပြချင်တယ်။ အခုလိုဘဲ လစာကောင်းကောင်းရမယ်ဆိုလို့ ဒီဖက်ကိုလာပြီး အလုင်လုပ်တာ လူငယ်တွေအများကြီးဘဲ။ တိတိ ကျကျပြောရရင် အားလုံးပေါင်း ၄၈၆ ယောက်ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲရောက်သွားတယ်။ ဟိုရောက်တော့ မင်းတို့ကို အလုပ်ရှာပေးမယ်၊ အလုပ်လုပ်ပြီး ထောက်ပို့လုပ်ပေးပေါ့လို့ပြောသတဲ့။ ဒီတော့ မင်းတို့ လူ ၅၀ ကို အဖွဲ့တစ်ဖွဲ့ ဖွဲ့ကြပါ။ အဖွဲ့ခေါင်းဆောင်က ထောက်ပို့အတွက် ငွေ့ကောက် ခံဖို့တာဝန်ယူရမယ်လို့ပြောပါတယ်။ ကလေးတွေကလည်း အဟုတ်မှတ်ပြီး ဖွဲ့ကြတာပေါ့။ တချို့ကလေးတွေဆို အတော်ရိုးကြတယ်ပြောပါတယ်။ ပြောရင်းတောင်စိတ်မကောင်းပါဘူး။ သူက အဖွဲ့ခေါင်းဆောင်မလုပ်ချင်ဘူး။ အချင်းချင်း ဝိုင်းတင်ကြတော့ သူက ခေါင်း ဆောင်လုပ်ရတာပေါ့။အကုန်လုံး စစ်ရေးလေ့ကျင့်တဲ့ကွင်းပြင်ကြီးထဲမှ ၄၉ ယောက်ကတန်းစီထိုင်၊ ရှေ့ဆုံးက ခေါင်းဆောင် ၁ ယောက်စီပေါ့။ လူ ၅၀ဝ မပြည့်တော့ တစ်ဖွဲ့ကတော့ ၃၆ ပဲရှိတယ်။ အားလုံး ခေါင်းဆောင် ၁၀ ယောက်ပေါ့။ အားလုံး အစုဖွဲပြီးပြီဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ခေါင်းဆောင်တစ်ဦးချင်းစီကို နာမည်ခေါ်တယ်၊ရှေ့ထွက်လာခိုင်းတယ်။ ကောင်လေး ၃ ယောက်ကို တာယာကွင်းထဲထည့်ပြီး မီးရှို့ tတ်လိုက်တယ်။ ကောင်လေး ၂ ယောကိုတော့ အားလုံးရှေ့မှာဘဲ လည်ပင်းဓါးနဲ့လှီး tတ်ပစ်လိုက်တယ်။ ကျန်တဲ့ ၅ ယောက်ကိုတော့ ဒူးထောက်ခိုင်းပြီး ခေါင်းကိုသေနတ်နဲ့ pyit tတ်လိုက်တယ်။ ခေါင်းဆောင်လုပ်ချင်တဲ့ကောင်ထွက်ခဲ့ပါလို့ခေါ်တော့ ဘယ်သူမှ မထွက်ရဲကြတော့ဘူးတဲ့။ ဘေးကကြည့်နေတဲ့အထဲမှာလည်း (NLD) အမတ်တွေလည်း ပါတယ်ပြောတယ်။ ဒါကြောင့် ပြောချင်တာက ခုချိန်အခါမှာ တခြားသွားပြီး အလုပ်မလုပ်ကြစေချင်သေးဘူးဆိုတာပါဘဲ'' ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူ ဒေသခံ ပလောင်တိုင်းရင်းသား တစ်ဦးက စိတ်မကောင်းစွာပြောပြလာခဲ့ပါတယ်။

Facebook တွင် Followed လုပ်ရန် 👇
https://www.facebook.com/positiveanglenew?mibextid=ZbWKwL

#PAN

Post a Comment

Previous Post Next Post