၁၁.၅.၂၀၂၃ရက်​နေ့အတွက် မုန်တိုင်း သတိပေးချက်

ဆိုင်ကလုန်းမုန်တိုင်း "ONE" (01B) ဖြစ်လာပြီး မုန်တိုင်းလမ်းကြောင်းလဲ စစ်တွေကို ဝင်မယ်ဆိုတာသေချာသွားပြီဖြစ်ပါတယ်။

"ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ်" (Global Disaster Alert and Coordination SYSTEM) ကလဲ မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃.၇ မိုင်)ရှိ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်မဲ့အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် "RED ALERT" ထုတ်ပြန်လိုက်ပါတယ်။

GDACS ရဲ့ ထုတ်ပြန်ချက်မှ -
ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀
မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ နဲ့
စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

အနည်းဆုံး တစ်နာရီ မိုင် ၄၀ အထိ လေပြင်းတိုက်ခိုက်မှုဒဏ်ကိုခံရနိုင်တဲ့ မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်းကတော့ ၅.၄ သန်းအထိရှိကြောင်း၊ အဓိက ထိခိုက်ပျက်စီးနိုင်မဲ့ လေယာဉ်ကွင်းတွေကတော့ စစ်တွေ၊ ထီးလင်းနဲ့ ဂန့်ဂေါလေယာဉ်ကွင်းများဖြစ်ကြောင်းလဲ ထုတ်ပြန် သတိပေးထားပါတယ်။

အသေးစိတ်သတိပေးချက်တွေကို ထပ်ပြီး တင်ပြပေးသွားပါဦးမယ်။

Post a Comment

Previous Post Next Post