မြန်မာ နှင့် အာဆီယံပူးပေါင်းမှုသည် ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်မှုကို အထောက်အပံ့ဖြစ်စေဟုဆို


မြန်မာနိုင်ငံနှင့် အာဆီယံပူးပေါင်းမှုသည် ‌ဒေသတွင်းတည်ငြိမ်မှုနှင့် တိုးတက်မှုတို့ကို အထောက်အပံ့ဖြစ်စေကြောင်း ASEAN- BAC ဥက္ကဋ္ဌမှ သုံးသပ်ပြောဆိုထားပါတယ်။

Mr. Arsjad Rasjid P. M.(ASEAN-BAC Indonesia) က ပြီးခဲ့သည့် မေလ(၁)ရက်မှ (၃)ရက်အတွင်း မြန်မာနိုင်ငံသို့ ASEAN-BAC Roadshow ၏ အစီအစဥ်တစ်ရပ်အဖြစ် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ခရီးစဥ်၏ အဓိကရည်ရွယ်ချက်သည် ဒီဂျစ်တယ်အသွင်းကူးပြောင်းရေး အပါအဝင် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကျန်းမာရေးဒဏ်ခံနိုင်စွမ်းမြှင့်တင်‌ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ပြီး ‌ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post