ရန်ကုန်မြို့ပတ်ရထားပေါ်မှာရထားလုံခြုံရေး ရဲတွေကိုပစ်သတ်ခဲ့ပြီးသေနတ်တွေပါ ယူသွားတဲ့မိစ္ဆာအကြမ်းဖက်သမား၅ဦးကိုမေလ၁၈ရက်နေ့မှာအင်းစိန်ထောင်တွင်းအထူးတရားရုံးကသေဒဏ်(၂)ကြိမ်ပါဝင်တဲ့သေမိန့်နဲ့အတူထောင်ဒဏ်တစ်သက်ပြစ်ဒဏ်တွေကိုပါအသီးသီးချမှတ်


ရန်ကုန်မြို့ပတ်ရထားပေါ်မှာရထားလုံခြုံရေး ရဲတွေကိုပစ်သတ်ခဲ့ပြီးသေနတ်တွေပါ ယူသွားတဲ့မိစ္ဆာအကြမ်းဖက်သမား၅ဦးကိုမေလ၁၈ရက်နေ့မှာအင်းစိန်ထောင်တွင်းအထူးတရားရုံးကသေဒဏ်(၂)ကြိမ်ပါဝင်တဲ့သေမိန့်နဲ့အတူထောင်ဒဏ်တစ်သက်ပြစ်ဒဏ်တွေကိုပါအသီးသီးချမှတ်လိုက်တယ်လို့သိရပါတယ်

ကောင်းပြည့်စုံဦးကျော်ဝင်းစိုးဆန်းလင်းမောင်ဇေယျာဖြိုးနဲ့မမြတ်ဖြိုးပွင့်ဆိုတဲ့ အကြမ်းဖက်၅ဉီးထဲကကောင်းပြည့်စုံဦးဆိုသူကိုအစိုးရပိုင်လက်နက်နဲ့ခဲယမ်းမီးကျောက်ကိုခိုးယူရန်ကြံစည်မှု၁၉၄၉ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)အက်ဥပဒေပုဒ်မ၂/၁(က)နဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၄ တို့အရ သေဒဏ်နှစ်ကြိမ်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်

ကျန်တဲ့အကြမ်းဖက်သမား၎ဉီးကိုတော့ လူသတ်မှုပုဒ်မ၃၀၂လူသတ်မှုကျုးလွန်ရန်အားထုတ်မှုပုဒ်မ၃၀၇ပြစ်မှုကျုးလွန်ရာမှာအားပေးကူညီမှုပုဒ်မ၁၁၄အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀လူတစ်ဦးဒါမှမဟုတ်အများကိုနာကျင်စေမှု အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄(က)နဲ့အစိုးရပိုင်လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှုလက်နက်ရယူခွင့်မရှိသူကို ပေးအပ်ရန် အားထုတ်မှု ၁၉၄၉ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေပုဒ်မ ၂/၂ တို့အရ သေဒဏ်နဲ့ ထောင်တစ်သက်စီချမှတ်လိုက်တယ်လို့ သိရပါတယ်
#mhtnews

Post a Comment

Previous Post Next Post