ဘက်လိုက်မှုများနှင့်ခရီးဆက်နေတဲ့ NUG

စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်ရွာ ပကဖခေါင်းဆောင် မောင်ဆန်းဆိုသူကို ဝက်လက်နယ်မှထွက်သွားရန် ခြိမ်းခြောက်ခဲ့တဲ့အတွက် Wetlet GZ Special Task Force က ဖိုးနီတိုး နဲ့ ဟိန်းထက်လင်း (ခ) အီကိုNUGက ထောင် ၁၀နှစ်ချလိုက်လို့ မြေပြင် PDFအုပ်စုတွေအတွင်းမှာ တော်တော်လှုပ်ခတ်သွားကြောင်းသိရပါသည်။

        ရွှေဘိုခရိုင်ထဲမှာ  နယ်စည်းမခြားအဖွဲ့ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင် အကွဲအပြဲ လတ်သလောဖြစ်နေတယ်။
ထောက်ပို့ နေမျိုး(ပဲခူး)ကို ရွှေဘိုခရိုင်အဖွဲ့ဗိုလ်စွန်ရဲက ဖမ်းပြီးသတ်မယ်လို့ ပေါ်တင်ခြိမ်းခြောက်ထားတယ်။တဖန်
ဗိုလ်ကျားကြီးအဖွဲ့ကို ရွှေဘိုခရိုင် တပ်ရင်း၂ကဝင်ပစ်တယ် ဗိုလ်ကြီးအဖွဲ့က ၂ယောက်သေဆုံးခဲ့တယ်။ဒါကရွှေဘိုခရိုင်နယ်မြေထဲကဖြစ်စဉ်ဖြစ်တယ်။
       အလားတူ ယင်းမာပင်နယ်မြေထဲက ဗိုလ်သံမဏိက တော်‌လှန်ရေးရဲ ၂၁ဦးကို မှားပြီးသတ်မိတယ် တော်လှန်ရေးပီးမှ သူ့ကိုအရေးယူပါလို့ ပြောကြောင်းသိရတယ်။

‌       ဖော်ပြပါသတင်းတွေကိုချုပ်ရရင် ချောင်းပစ်ဖို့ကြံရွယ်တဲ့ လူငယ်၂ယောက်ကို ထောင်၁၀နှစ်စီချတယ်။ဗိုလ်ကျားအဖွဲ့ကို ချောင်းပစ်လို့ ၂ယောကါသေတဲ့ တပ်ရင်း၂ကလူကို ခုထိအပစ်မပေးသလို pdfရဲဘော်၂၁ဦးမှားသတ်မိပါတယ်ဆိုတဲ့ ဗိုလ်သံမဏိနဲ့ ဆရာစံကို NUGက ယခုချိန်ထိ အရေးယူအပစ်မပေးတာကိုတွေကြည့်လိုက်ရင် NUGအုပ်စုဟာ ဘက်လိုက်မှုတွေ ခွဲခြားမှုတွေ ထင်ထင်ရှားရှားရှိနေတယ်ဆိုတာ သိသာထင်ရှားနေပါကြောင်း အများပြည်သူများသိရှိနိုင်ပါရန် ရေးသားတင်ပြလိုက်ပါသည်။

Post a Comment

Previous Post Next Post