ကလေးငယ်များရဲ့ဘဝ အမှောင်ချောက်ထဲ တွန်းပိုခံနေခြင်း




NUG၏ စေခိုင်းချက်ဖြင့် နိုင်ငံရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်အတွက် PDF အကြမ်းဖက်များသည် အနာဂတ် ရင်သွေးများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတိုကို အကြောက် တရားဖြင့် ထောက်ခံအားပေးလာစေရန် ရည်ရွယ်ချက်များဖြင့် ကျောင်းသား/သူ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ များ၏ မိဘများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဖမ်းဆီး tတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှိဖျက်ဆီးခြင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြုပစ္စည်းများနှင့် ကျောင်းသုံးစာအုပ်များအား မီးရှိဖျက်ဆီးခြင်း၊ အတင်းဓမ္မ လုယူခြင်း စသည့် နည်းလမ်းပေါင်းစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးနေခြင်းများကို တွေ့မြင်နေရပါတယ်။
ယခုနောက်ပိုင်း ကလေးငယ်လေးတွေရဲ့ ပညာရေးကိုတင်မကတော့ဘူး ဘာမှမသိတဲ့ ကလေးငယ်လေးတွေကို ဆန္ဒပြပွဲတွေမှာ အသုံးပြုကာ ကလေးငယ်လေးတွေရဲ့ အနာဂတ်အတွက် အမှောင်ချောက်ထဲကို ရောက်မှန်းမသိ ရောက်နေတယ်ဆိုတာ မိဘတွေအနေနဲ့ မသိတာလား သိသိချည်းနဲ့ ခွင့်ပြုပေးနေတာလားလို မေးရတော့မယ်။

Post a Comment

Previous Post Next Post