မိုခါက ပြလိုက်တဲ့တရားဝင် အစိုးရ


"မိုခါဆိုင်ကလုံးမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ အရေးပေါ်အကူအညီတွေ ပေးအပ်နိုင်ရေး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရဖို့ စောင့်နေရတယ်လို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေကပြောပါတယ်"လို့ မေ၁၇ရက်နေ့ည VOAက ထုတ်လွှင့်သွားပါတယ်။

နစကကို အသိအမှတ်မပြုဘူးလို့ လုပ်ထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ဆိုသူတွေဟာ NUGထံခွင့်ပြုချက်မတောင်းကြဘဲ နစက ထံခွင့်ပြုချက်တောင်းနေကြတာဖြစ်လို့ မြန်မာနိုင်ငံမှာ တရားဝင်အုပ် ချုပ် နေတာ၊မြေပြင်မှာ စီမံအုပ်ချုပ်နေတဲ့အစိုးရဟာ ဘယ်အဖွဲ့လည်းဆိုတာ မိုခါက ထင်ရှားပြလိုက်သလို ဖြစ်နေပါတယ်။

မိုခါမုန်တိုင်းအကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ရည်ရွယ်ချက်နဲ့ ဘင်္ဂလီတွေ သေကုန်ပြီ၊ကူညီကယ်ဆယ်ရေးတွေ မရောက်ဘူး၊နိုင်ငံတကာကူညီမှုတွေ အစိုးရ ခွင့်ပြုချက်စောင့်နေရလို့ နှောင့်နှေးနေတယ်လို့ အစိုးရမကောင်းကြောင်း၊ဘင်္ဂလီတွေ သနားစရာကောင်းကြောင်း ပုံဖော်ဝါဒဖြန့်နေကြပေမယ့် တကယ်လက်တွေ့ကူညီမယ့်အိန္ဒိယ က ကူညီကယ်ဆယ်ရေး သင်းဘောတွေချက်ခြင်းရောက်ရှိလာပြီး စစ်တွေမှာ ယခင်ကတည်းကအခြေချ ရှိနေပြီးသားဖြစ်တဲ့ INGO တွေက အခုအချိန်အထိ ခွင့်ပြုချက်တောင်းခံနေဆဲဘာမှမလုပ်နိုင်သေးဘူးဆိုတာကလည်းတော်တော်တော့ သဘာဝမကျတဲ့ ကိစ္စဖြစ်ပါတယ်။

သဘာဝဘေးအန္တရယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ရာမှာအစိုးရ မလိုဘူး၊INGOတွေ ကြိုက်သလိုဝင်၊ကြိုက်သလို လုပ် ဆိုတာ အချုပ်အခြာ အာဏာပိုင် ဘယ်နိုင်ငံမှာမှ လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။

တစ်ရာဘိုးလောက်ကူညီပြီးတစ်ထောင်ဘိုးလောက် ပြည်တွင်းရေးကိုဝင်ပြဿနာရှာမယ့် ကူညီကယ်ဆယ်ရေးအကြောင်းပြ ကြ ခလောက်ဆန်အန္တရယ်ကိုလည်း မျှော်တွေးရတာဖြစ်လို့ တိုင်းပြည်ကို သာလယံဇရပ်လို ကြိုက်သလိုဝင်ထွက် ကြလို့ ခွင့်ပြုနိုင်မှာ မဟုတ်ဘဲ စီစစ်ပြီးမှ ခွင့်ပြုကြတာ ကတရားဝင် အစိုးရတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။

စေတနာသန့်သန့်နဲ့ ကူညီမှုတွေ ချက်ခြင်းရောက်လာနိုင်မှာဖြစ်ပေမယ့် ကယ်ဆယ်
ရေးအကြောင်းပြ နိုင်ငံရေးအမြတ်ထုတ်ရန်အကြံအစည်နဲ့ကူညီမှုတွေကတော့ ကြန့်ကြာနေမှာပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေဟာနိုင်ငံ ရဲ့ငါးဆယ်ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီလို့ကြွေးကြော်နေတဲ့ NUGထံ ခွင့်ပြုချက်မတောင်းဘဲ နစကထံခွင့်ပြုချက်တောင်းနေရတာ ဖြစ်လို့ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဘယ်သူလဲဆိုတာ မိုခါမုန်တိုင်းက ပြပေးလိုက်သလိုလည်း ဖြစ်နေပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post