အနောက်အုပ်စု ဝါဒမှိုင်းကြောင့်ရပ်ဆိုင်းလိုက်ရသော မြစ်ဆုံစီမံကိန်း(အချက်အလက်အချို့)


ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအား
လျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့နှင့် ၂၃ မိုင်ခန့်(၃၇ကီလို
မီတာ)အကွာတွင် တည်ရှိသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ်တစ်ခုဖြစ်
သည့်  ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ
အင်မိုင်ခ(မေခ)နှင့် မလိခတို့ပေါင်းဆုံ
ရာ မြစ်ဆုံနေရာနှင့် မြစ်လက်တက်များ
ပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်နှစ်
သောင်းနီးပါး ထုတ်လုပ်နိုင်မည့် ရေ
ကာတာ(ဆည်) ၇ ခု(ယင်း ဆည် ၇ခု
တည်ဆောက်ရေးအတွက် လျှပ်စစ်
ဓာတ်အားအထောက်အပံ့ပေးရန်
တည်ဆောက်ထားပြီး ၉၉ မဂ္ဂ၀ပ်ထွက်
ရှိသည့် ချီဖွေငယ်ဆည်ကိုပါ ထည့်တွက်
လျှင် ၈ ခု ဖြစ်သည်။)ကို တရုတ်နိုင်ငံ
က တည်ဆောက်အကောင်အထည်ဖော်
မည့် စီမံကိန်းများအနက် တစ်ခုဖြစ်သည်။

၂၀၀၆ ခုနှစ်အတွင်း ထိုစဉ်က ၀န်ကြီး
ချုပ် ဗိုလ်ချုပ်ကြီး စိုး၀င်း၏ တရုတ်
နိုင်ငံခရီးစဉ်အတွင်း ထွက်ပေါ်ခဲ့သည့်
စီမံကိန်းများ ဖြစ်သည်။ စီမံကိန်းများ
အတွက် စုစုပေါင်း အမေရိကန်‌ဒေါ်လာ
ဘီလီယံ ၂၀ ၀န်းကျင် ကုန်ကျမည်ဟု
ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီး
မြုပ်နှံမှု ကော်ပိုရေးရှင်း- CPI (ယခု
State Power Investment
Corporation SPIC)၊ မြန်မာနိုင်ငံ
အစိုးရနှင့် Asia World ကုမ္ပဏီတို့
ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

မြစ်ဆုံစီမံကိန်းမှ ၆၀၀၀ မဂ္ဂါ၀ပ်၊လိုင်
ဇာ(မလိယန်)စီမံကိန်းမှ ၂၈၀၀ မဂ္ဂါဝပ်၊ 
ချီဖွေစီမံကိန်းမှ ၃၄၀၀ မဂ္ဂါဝပ်၊အူဆောက်
စီမံကိန်းမှ ၂၅၀၀ မဂ္ဂါဝပ်၊ ဖီဆော်
စီမံကိန်းမှ ၂၄၀၀ မဂ္ဂါဝပ်၊ ခေါင်လန်ဖူး
စီမံကိန်းမှ ၃၀၀၀ မဂ္ဂါဝပ်၊ ရီနန်စီမံကိန်း
မှ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု
SPICက ဖော်ပြထားသည်။

စီမံကိန်းကို တပ်မတော်အစိုးရ
လက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်
သည်။တစ်နှစ်အကြာ ၂၀၁၀ ပြည့်နှစ်၊
နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်
ပွဲကို တပ်မတော်အစိုးရက ကျင်းပပေးခဲ့
ပြီး ၂၀၁၁ ခုနှစ်၊ဧပြီလတွင် တပ်မတော်
ဗိုလ်ချုပ်ကြီးဟောင်းနှင့် ၀န်ကြီးချုပ်
ဟောင်းဖြစ်သည့် သမ္မတ ဦးသိန်းစိန်
အစိုးရ တက်လာသည်။

ထိုအတောအတွင်း မြစ်ဆုံဆည်စီမံကိန်း
ကို ကန့်ကွက်သည့်လှုပ်ရှားမှုများ
ပေါ်ပေါက်လာသည်။ ၂၀၁၁ ခုနှစ်၊
စက်တင်ဘာလကုန်တွင် သူ၏အစိုးရ
သက်တမ်းကုန်ဆုံးသည်အထိ စီမံကိန်း
ကို ရပ်ဆိုင်းကြောင်း သမ္မတ ဦးသိန်းစိန်
က ကြေညာသည်။

မြစ်ဆုံဆည်စီမံကိန်း စာချုပ်အရ
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီး
မြုပ်နှံမှု ကော်ပိုရေးရှင်း(CPI) ကုမ္ပဏီ
က ၈၀ ရာခိုင်နှုန်း၊မြန်မာအစိုးရက ၁၅
ရာခိုင်နှုန်းနှင့် အေးရှားဝေါကုမ္ပဏီက ၅
ရာခိုင်နှုန်းစီ အစုရှယ်ယာ ပိုင်ဆိုင်ကြ
မည်ဖြစ်ပြီး ငွေကြေးစိုက်ထုတ်မှုအား
လုံးကို တရုတ်ဘက်မှ စိုက်ထုတ်မည်
ဖြစ်သည်။သို့သော် စီမံကိန်းနှင့်ပတ်
သက်၍ စာချုပ်ပါအချက်အလက်များ
ကို အများပြည်သူသို့ အသိပေးထုတ်ပြန်
ခြင်းမရှိပေ။

လျှပ်စစ်ဓာတ်အား ခွဲဝေမှုတွင် CPI က
၉၀ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ၁၀
ရာခိုင်နှုန်း(၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်
လုပ်ခဲ့သည့် လျှပ်စစ်ပမာဏနှင့် ညီမျှ
သည်။)ဖြစ်သည်။

SPIC_ChinaDeskမှ ပြန်လည်ကူးယူဖော်ပြသည်

Post a Comment

Previous Post Next Post