Might is Right?


နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရတစ်ရပ်အပေါ်  ပိတ်ဆို့အရေးယူမှုတွေဟာ အစိုးရကို ထိခိုက်တာမဟုတ်သလို ပြည်သူတွေပဲ ထိခိုက် ခံစားကြရတာပါ။ အစိုးရတိုင်းကလည်း ပိတ်ဆို့အရေးယူခံရလို့ ဆင်းသွားတဲ့ အစိုးရဆိုတာ မရှိပါဘူး။

မဲမသမာမှုမှာ အကြိမ်ကြိမ်ရှင်းပေးဖို့တောင်းဆိုခဲ့ပေမယ့် ရှင်းမပြခဲ့လို့ ဒီအခြေအနေအထိ ရောက်လာရတဲ့ ဇစ်မြစ်ကို မပြောဘဲ ဘာကြောင့် မျက်ကွယ်ပြုနေကြတာလဲ?

လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ အစိုးရအနေနဲ့ အပြစ်ရှိရင် တရားဥပဒေအတိုင်း စီရင်ချက်ချမှတ်နေပေမယ့် ဥပဒေမဲ့ ရဟန်းသံဃာနဲ့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာက NUG အပေါင်းအပါ PDF တွေဖြစ်နေတာကို ဘာကြောင့် အပြစ်မပြောရတာလဲ?

ဒီမိုကရေစီပြည့်ဝပါတယ်ဆိုတဲ့ အမေရိကန်မှာ အမှားဆိုတာ မရှိတော့ဘူးလား? ရုရှား- ယူကရိန်းအရေးမှာ ရုရှားကို မှားပါတယ်ဆိုပြီး ပိတ်ဆို့မှုတွေလုပ်ပေမယ့် နိုင်ငံတော်တော်များများအပေါ် ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတဲ့ အမေရိကန်ကိုရော ပိတ်ဆို့မှုတွေ ဘာကြောင့်မလုပ်ကြတာလဲ? သူတို့လုပ်ရပ်က မှန်နေလို့လား?
#MinZawLwin

Post a Comment

Previous Post Next Post