ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးဆိုပါလား


ရိုးရိုးလေးစဥ်းစားရင် ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ပြည်သူမှာအာဏာမရှိပါဘူး။
အာဏာမရှိလို့ဆန္ဒပြတောင်းဆိုနေကြရတာပါ။
ပြည်သူကရွေးကောက်တင်မြှောက်တဲ့ လွတ်တော်ကိုယ်စားလှယ်တောင် ပြည်သူ့စကားနားထောင်ချင်မှ ထောင်တာပါ။
မဲရဖို့လောက်ဘဲ ပြည်သူကိုအချိုသပ်ပြီး ပြီးတော့ ငွေရှိတဲ့လူနဲ့ပေါင်း ထင်ရာလုပ်တာများပါတယ်။

ပြည်သူ့ကိုပြန်ပေးဆိုတာ ဘယ်ပြည်သူလဲ။ ပြည်သူအားလုံးဟာ တပါတီထဲကို ကြိုက်တာလား။
ပြန်ပေးပြီဆိုပါတော့ ဘယ်ပုံဘယ်နည်းပြန်ပေးရမှာလဲ။

Nldကို ပြန်ပေးရမှာလား။ ပြန်ပေးလို့ အစိုးရဖြစ်တော့ရော တိုင်းပြည်ကြီးရဲ့ ပြဿနာတွေအကုန်ပြေလည်ပြီး အေးချမ်းတိုးတက်သွားမှာလား။

တကယ်က အာဏာဆိုတာထက် ပြည်သူကပြည်သူကျင့်ဝတ်နဲ့ညီပြီး  အုပ်ချူပ်သူက စေတနာမေတ္တာပညာနဲ့ပြည့်စုံ အစိုးရကျင့်ဝတ်နဲ့ ညီညွတ်ဖို့လိုတာပါ။

ကောင်းမွန်တဲ့ အစိုးရကိုလိုချင်ရင် ကောင်းမွန်တဲ့ပြည်သူတွေ ဖြစ်ဖို့လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းတွေအစိုးရတွေဟာ တိုင်းတပါးကလာတာမဟုတ် ဒီပြည်သူထဲကဘဲ ပေါက်ဖွားလာလို့ ဖြစ်ပါတယ်။
ယဥ်ကျေးတဲ့ စိတ်ဓာတ် ယဥ်ကျေးတဲ့လူ့ပါတ်ဝန်းကျင်ဆိုတာ လူသားတွေကဘဲ တဖြည်းဖြည်း တည်ဆောက်ယူရတာဖြစ်ပါတယ်။

ကောင်းမွန်တဲ့ပြည်သူ ကောင်းမွန်တဲ့ဝန်ထမ်း ကောင်းမွန်တဲ့အစိုးရ ဖြစ်ဖို့ ခေတ်အဆက်ဆက် ကြိုးစားဖို့သာ လိုရင်းဖြစ်ပါတယ်။

NayMyoMyanmar
(30-4-23/Sun)

Post a Comment

Previous Post Next Post