PDFတွေ ဘာလုပ်နေ သလဲ


Pdfခေါင်းဆောင်တယောက်  ညနေတိုင်း ဘီယာလာသောက်တယ်။အနည်းဆုံး၂သိန်းဖိုး တခါတလေ၅သိန်းလောက်ရှင်းရတယ်။ ဘီယာဝိုင်းမှာ ငွေဘယ်လိုရှာမလဲ တိုင်ပင်ကြတယ်။

ရွာထဲကတအိမ်ကိုဘယ်လောက်
ကားတစီးဘယ်လောက် ရွှေမျောက ဘယ်လောက် သစ်ကားကဘယ်လောက်နဲ့ ဝင်ငွေဖြောင့်တယ်။
တခါတလေ မူးလာရင် သွေးဆိုးပြီး ဆိုင်ပိုင်ရှင်ကအစစားပွဲထိုးအလယ် ရွာထဲကလူတွေအထိ ခေါ်ရိုက်တယ်။

တခါတလေ သူတို့အချင်းချင်း ရန်ဖြစ်ပြီး လမ်းလယ်ခေါင်တင် ခေါင်းဖြတ်သတ်ကြတယ်။
ခေါင်းဆောင်ကို သတ်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်တော့
သတ်ပွဲတွေ ခဏခဏ ကြုံရတယ်။

လူသတ်ဖို့ဆိုရင်လည်း နဂိုလူမူရေးမကျေနပ်တဲ့လူတွေကို ဒလန်ဆိုပြီး ရှင်းတယ်။ မြို့ပေါ်အထိ လူသတ်ဖို့ခေါ်ရင်လည်း လိုက်သတ်ပေးတယ်။
ထောက်ပံ့နေကြဆိုင်တွေ ထောက်ပံ့ကြေးတောင်းမရရင် ဝင်ဓားပြတိုက်တယ်။

ခေါင်းဆောင်က မူးလာရင် Pdfမိန်းကလေးတွေကို ခေါ်ပြီး အနှိပ်ခံတယ်။
ဆန်စက်ပိုင်ရှင်တယောက်ရဲ့ သမီး Pdfထဲ ဝင်သွားတာ
ငွေသိန်း၁၀၀နဲ့ရွေးတယ်။
လူပြန်မရဘဲ အလောင်းဘဲ ဓာတ်ပုံ မြင်ရတော့တယ်။

ညဘက်ခေါ်ခိုင်းတာကို
ကြည်ကြည်သာသာလက်မခံဘဲ ပြန်ပြောလို့ သတ်ပြစ်တယ်ပြောတယ်။
မိဘတွေတော့ အရူးမီးဝိုင်းခံစားရတာပေါ့။
လိုင်းပေါ်ကနေ အဆွယ်ကောင်းတာနဲ့ ပါသွားတဲ့ဆိုးကျိုးတွေ
ခံစားနေရပြီ။
ဘယ်ရွာက ဘယ်သူသား/သမီး ဘယ်နှယောက် တိုက်ပွဲကျလို့ဆိုတာ မကြားချင်မှအဆုံး။

လူငယ်တွေကတော့ သွေးကြွတဲ့အရွယ်ဆိုတော့ ဝင်တဲ့လူကဝင်ချင် ဝင်ပြီးတဲ့ လူကထွက်ချင်နဲ့ ကမ္ဘာပျက်နေတယ်။
နိုင်ငံရေးမှာ လက်နက်ကိုင်ပြီဆိုရင် ဘေးထွက်ဆိုးကျိုးတွေ တွေ့ရတာ ခေတ်အဆက်ဆက်ပါ။

NayMyoMyanmar

Post a Comment

Previous Post Next Post