အမေရိကန်ခြေရှုတ်မှုများနဲ့KNUကွန်ဂရက်အကျိုးဆက်များ


နိုင်ငံတိုင်းဟာမိမိနိုင်ငံအကျိုးစီးပွားအတွက် ဒီမိုကရေစီလူ့အခွင့်အရေးငြိမ်းချမ်းရေးအကြောင်းပြဝင်ရောက် စွက်ဖက်ကြတာဖြစ်ပေမယ့် ဘယ်သူသေသေငတေမာရင်ပြီးရောစိတ်နဲ့ဝင်စွက်ဖက်
လေ့ရှိတဲ့အမေရိကန်လို နိုင်ငံမျိုးရဲ့အန္တရယ်ကြီးမားမှုကိုတော့ သတိပြုကြရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ နိုင်ငံတကာအမည်ခံအဖွဲ့အစည်းပေါင်းစုံမှာ အာဆီယံမှာ နစက ကို စစ်အာဏာရှင်အကြမ်းဖက်အဖြစ်ပုံဖော်နေကြခြင်းဟာ အမေရိကန်စနက်ဖြစ်သလို မြန်မာထိုင်းနယ်စပ်ကတဆင့် ကရင် ပြည်နယ်ကယားပြည်နယ် လူထုစစ်ဘေးဒုက္ခရောက်စေမယ့် စစ်မီးတွေပြန်မွှေးပေးခဲ့တာလည်း အမေရိကန်စနက်ဖြစ်ကြောင်း အားလုံးသိကြပါတယ်။

"တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)"မှာလက်မှတ်ရေးထိုးခဲ့တဲ့ KNUဟာ အမေရိကန်သွေးထိုးလှုံ့ဆော်မှုကြောင့် NCAအတိုင်းဆက်သွားလိုတဲ့အဖွဲ့နဲ့ NCAကိုစွန့်လွှတ်ပြီး စစ်ရေးလမ်းကြောင်းဆီပြန်သွားမယ့်အဖွဲ့သဘောထားကွဲလာရာက ၁၇ ကြိမ်မြောက်KNU ကွန်ဂရက်မှာ စစ်ရေး လမ်းကြောင်းဆီသွားလိုသူတွေ အများစုနဲ့ဗဟိုကော်မီတီအသစ်ဖွဲ့လိုက်ပြီဖြစ်လို့ ကရင်ပြည်နယ်လူထု အဖို့ စစ်ဘေးစစ်ဒဏ်အကြီးအကျယ်ခံကြရတော့မယ့်အခြေ အနေဆီရောက်လာခဲ့ပြီဖြစ်ပါတယ်။

၁၇ကြိမ်မြောက်KNUကွန်ဂရက်က တင်မြှောက်လိုက်တဲ့ KNUဗဟိုအသစ် စက်စက်ဟာတာဝန်ယူပြီးတာနဲ့ NCA စာချုပ်ကိုစက္ကူစုတ်လို သဘောထားတဲ့ ကြေညာချက်တစ်စောင်ချက်ခြင်းထုတ်ပြန်ခဲ့ပါတယ်။နစကဘက်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မီတီသဘောထားထုတ်ပြန်ချက်အဖြစ်ပဲ KNUဗဟိုထုတ်ပြန်ချက်ဟာ NCAပါပြဌာန်းချက်များနဲ့ဆန့်ကျင်နေပြီး၊ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းဆီဦးတည်နေကြောင်းသတိပေးကြေညာချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။

မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး တိုက်ပွဲဝင်နေကြသူများနဲ့လက်တွဲညီစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်တာဖြစ်လို့ NCA စာချုပ်ကို မလိုက်နာတော့ဘဲ တိုက်ပွဲဝင်သွားမယ်လို့ အတိအလင်းစိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်စီအိုင်အေရဲ့ထောက်ပံ့မှုမက်လုံးတွေအရ သာ "တိုက်မယ်ခိုက်မယ်"လို့ကြုံးဝါးနေပေမယ့် KNUအဖွဲ့အစည်းထဲက ခွဲထွက်လာတဲ့လက်နက်ကိုင်အဖွဲ့တွေ မှိုလိုပေါက်လာပြီးစင်ပြိုင်အဖွဲ့တွေထူထောင်လာကြတဲ့အပြင်လက်ရှိ KNUအဖွဲ့အတွင်းမှာဆက်လက်ကွဲထွက်လာကြအုံးမယ့်အခြေအနေတွေ ဖြစ်ပေါ်နေတဲ့အတွက်KNUဗဟိုအသစ်စက်စက်ကိုယ် တိုင် နေရာတည်မြဲရေးကို အတော် ကြိုးစားရုန်းကန်နေရအုံးမယ့် အနေအထားဖြစ်နေပါတယ်။

KNU လက်နက်ကိုင်ခေါင်းဆောင်ငယ်များဟာ အဖွဲ့ကြီးမှာ နောက်လိုက်လုပ်တာထက်အဖွဲ့သေးရင်သေးပါစေ၊နံပတ်တစ်ခေါင်းဆောင်ဗိုလ်လုပ်ရတာ ပိုကောင်းတယ်ဆိုတဲ့ လက်နက်ကိုင်အာဏာအရသာကို သိသွားကြပြီဖြစ်လို့KNUဗဟိုနဲ့ လက်ရှိ KNUတပ်မဟာ၅တပ်မဟာ၂နဲ့တပ်မဟာ ၇တို့ ပဋိပက္ခကနေ ထပ်မံ ကွဲထွက်လာကြအုံးမယ့်အလားအလာကများနေပါတယ်။

လမ်းလုပ်သား၁၇ဦးကိုသတ်ဖြတ်မှုအတွက်စစ်ဆေးဖို့ KNUဗဟိုကဆင့်ခေါ်တာမလာဘဲ ကော်သူးလေအာမီလို့ စင်ပြိုင်တပ်မတော်တစ် ရပ်ဖွဲ့လိုက်တဲ့ စောနယ်ဒါးမြကို ဘာမှအရေးမယူနိုင်ဘဲ KNUနယ်မြေအတွင်းလက်ခံထားရခြင်းဟာKNUဗဟိုရဲ့သြဇာအာဏာ အကြီးအကျယ်ကျဆင်းနေတာကိုပြနေတာပဲဖြစ်ပါတယ်။

တစ်နယ်တစ်မင်းစစ်ဘုရင်လုပ်ရေးအတွက် ကရင့်လက်နက်ကိုင်အဖွဲ့ငယ်ခေါင်းဆောင်ငယ်များက ကော်သူလေးအာမီအောက်ရောက်လိုက်၊KNUအောက်ကူးလိုက်ဖြစ်နေကြတဲ့အတွက်စစ်အာဏာ ရှင်စနစ်တိုက်ဖျက်မယ်ဆိုတဲ့KNUဗဟိုကိုယ် တိုင် ကရင့်လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့စစ်ဘုရင်ဝါဒအောက်ရောက်သွားရတော့မယ့်သဘောဖြစ်နေပါတယ်။

KNUဗဟိုအသစ်က NCAကိုပစ်ပယ်ပြီးလက်နက်ကိုင်တိုက်ပွဲဆီကို အတိအလင်းစိန်ခေါ်လာတဲ့ကြေညာချက်အပေါ် နစက ဘက်က သတိ ပေးထုတ်ပြန်ချက်ထုတ်ထားတဲ့အဆင့်သာရှိနေသေးချိန်မှာအချိန်မီမပြုပြင်နိုင်တော့ဘဲ  စစ်လမ်းကြောင်းဆီသာဆက်သွားမယ်ဆိုရင် ကရင်ပြည်နယ်လူထုသာ စစ်ဘေးဒုက္ခသည်တွေဖြစ်ကြရအုံးမှာဖြစ်ပါတယ်။

KNUရဲ့ မဟာလူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်ဝါဒတိုက်ဖျက်ရေးဟာ ကရင်ပြည်နယ်လူထု ဒုက္ခရောက်ရေးနဲ့ကရင့်စစ်ဝါဒီစနစ်ကြီးစိုးရေးသာဖြစ်နေပြီဆိုတာကို KNUဗဟိုကိုယ်တိုင်နားလည်သဘောပေါက်ဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post