ဆီးဂိမ်းစ်ဗိုလ်လုပွဲတွင် ဗီယက်နမ်ကို အနိုင်ရရှိပါက အမျိုးသမီးဘောလုံးအသင်းအား ဒေါ်လာတစ်သိန်း ချီးမြှင့်မည်ဟု နစက ဥက္ကဋ္ဌ ပြောကြား


မြန်မာအမျိုးသမီးဘောလုံးအသင်း ဗီယက်နမ်ကို အနိုင်ရရှိပါက နစက ဥက္ကဋ္ဌမှ ဒေါ်လာတစ်သိန်း ချီးမြှင့်မည်ဟု ကတိပြုထားကြောင်း ဘောလုံးအဖွဲချုပ်နှင့် နီးစပ်သူထံမှ သိရပါတယ်။

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ယနေ့ည ၇ နာရီမှာ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့် ယှဥ်ပြိုင်ရမှာဖြစ်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်းစ်မှာ ဗိုလ်လုပွဲတက်ရမှာဖြစ်ပြီး ဗိုလ်လုပွဲနှစ်ကြိမ်တွေ့ဆုံဖူးတဲ့ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးဘောလုံးအသင်းအနေ ဖြင့် ဗီယက်နမ်အသင်းအား အနိုင်ရရှိပါက ဒေါ်လာတစ်သိန်းချီးမြှင့်မည်ဖြစ်သော်လည်း ဒုတိယသာရရှိပါက ဒေါ်လာငါးသောင်းဆုငွေရရှိမည်ဖြစ်ကြောင်းလည်း ကြားသိရပါတယ်။

လက်ရှိ ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့် ဗိုလ်လုပွဲယှဥ်ပြိုင်ကစားရမည်ဖြစ်သလို မြန်မာအမျိုးသားဘောလုံးအသင်းကလည်း ဗီယက်နမ်အမျိုးသားဘောလုံးအသင်းနှင့် မေလ ၁၆ ရက်တွင် တတိယလုပွဲယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post