နိုင်ငံတကာက အကူအညီတွေပေးရင် သူတိုဆီပေးဖိုနိုင်ငံတကာကို တောင်းဆိုလိုက်တဲ့ NUG


မိုခါ မုန်တိုင်း မဖြစ်ပေါ်ခင် နစကဒုဥက္ကဋ္ဌ ရဲ့ ကြိုတင်ကာကွယ်ရေး အစည်းအဝေးနဲ့လုပ်ဆောင်ချက်တွေကို မြေပြင်အဖွဲ့အစည်းတွေက လုပ်ဆောင်နေကြတာကို တွေ့မြင်ခဲ့ကြမှာပါ။

ထိုနည်းတူစွာ ယမန်နေ့က သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်အစည်းအဝေးမှာ နစက ဥက္ကဋ္ဌ ပြောကြားမှုနှင့်အတူ မုန်တိုင်းပြီးနောက်လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးတစ်ရပ် လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

သို့သော် မုန်တိုင်းဝင်နေတဲ့အချိန်မှ လေလှိုင်းပေါ်ကနေ မုန်တိုင်းနဲ့ပတ်သက်လို့ မတည်ငွေ ဒေါ်လာတစ်သန်းဆိုတာကို ကမန်းကတမ်းနဲ့ ထထုတ်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။

မြေပြင်မှာ ဘာတစ်ခုမှ ကူညီနေတာမတွေ့ရသလို တကယ့်လက်တွေ့ ကူညီနေတာက နစက အစိုးရရဲ့အဖွဲ့အစည်းတွေ့ကို သာတွေ့မြင်နေရပါတယ်။

ထို့အတူ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကိုတောင် လက်နက်မပါတာကြောင့် ဒီအချိန် အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အကောင်းဆုံးဆိုပြီး တိုက်တွန်းနေတာတွေ့မြင်နေရပါတယ်။

သို့ပေမယ် နိုင်ငံတကာကကူညီမှုတွေကို သူတို့ဆီကိုပဲ ပေးဖို့ တောင်းဆိုနေတာကတော့ အံဩဖို့ကောင်းလှပါတယ်။
#MinZawLwin

Post a Comment

Previous Post Next Post