"Zelenskyဟာအနောက်အုပ်စုများရဲ့ 'ရုပ်သေးရုပ်' လို့ပြောလိုက်တဲ့ Lavrov "

အနောက်အုပ်စုများနှင့် ရုရှားနိုင်ငံတို့သည် နောက်ဆုံးတွင် ၎င်းတို့အတွင်းရှိသည့် မတူညီသောကွဲပြားခြားနားချက်များကို   တွေ့ဆုံဆွေးနွေးကြလိမ့်မည်ဖြစ်သော်လည်း အဆိုပါ ဆွေးနွေးပွဲတွင်  အနောက်အုပ်စုများရဲ့လက်ကိုင်တုတ် ဖြစ်သည့် ယူကရိန်းသမ္မတ Zelensky မပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ကျင်းပသင့်တယ်လို့ ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြီးခဲ့သည့်မေလ ၅ရက်နေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံGoa ပြည်နယ်တွင်ကျင်းပခဲ့သော Shanghai Cooperation Organisation ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီးတွင် သတင်းထောက်များအား ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ​အထက်ပါအတိုင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် Lavrov က Moscow သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲများတွင် နိုင်ငံရေးအရ ပြေလည်မှုရယူနိုင်ရန် တရုတ်နိုင်ငံ၏ အစီအစဉ် ၁၂ ချက်ကို ထောက်ပြပြောဆိုထားပြီး “ဒါတွေအားလုံးက အနောက်တိုင်းရဲ့လက်ထဲမှာရှိနေတဲ့ ရုပ်သေးဆရာလေး Zelensky နဲ့မဟုတ်ဘဲ သူ့ရဲ့သခင်ကြီးတွေနဲ့ တိုက်ရိုက်ဆွေးနွေးရမှာပဲ” လို့ Lavrov က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

PAN
May.6.2023
source.Info Defense News

Post a Comment

Previous Post Next Post