ရခိုင်မီဒီယာလို့ခံယူပြီး မဟုတ်တမ်းတရား​တွေ​ပြော​နေတာ​တွေ အရှက်လေးတော့ ရှိစေချင်တယ်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကပြုလုပ်တဲ့
မီဒီယာသမားတွေ သစ္စာပြုခြင်းအခမ်းအနားနဲ့ပက်သက်ပြီး
ဝရမ်းပြေးမီဒီယာသမားတွေက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဆိုတာမရှိတော့ပါဘူး။
အသိအမှတ်မပြုပါဘူး။ လွတ်လပ်တဲ့သတင်းဌာနတွေ၊
သတင်းသမားတွေကို ကိုယ်စားမပြုပါဘူး။
ကျနော်တို့လည်း အသိအမှတ်မပြုပါဘူး ဆိုပြီး ပြောလာတယ်
သူတို့တွေအများစုက လက်ရှိအချိန် ဝရမ်းပြေးဘဝနဲ့ထွက်ပြေးနေသူတွေ

ကျန်တာမပြောနဲ့ ရခိုင်အခြေစိုက်ဆိုပြီး ပြောနေတဲ့
Western News၊ Border News Agency၊ Development Media Group၊
Narinjara ဆိုရင်ပဲကြည့် တင်တဲ့သတင်းတွေမှာ ရေးသားတဲ့သူကို တရားစွဲလို့ဆိုပြီး
ဘယ်သူရေးသားတယ်ဆိုတာ မထည့်တော့ဘူး
သူတို့ရေးတဲ့အထဲသွားကြည့် သတင်းအတည်ပြုပေးတဲ့သူတွေမှာ
မတိကျမရေရာတဲ့သူတွေ၊ ဒါကြောင့် အယ်ဒီတာကို တရားစွဲမယ်ဆိုတော့
အကုန်လုံးက ထွက်ပြေးနေတယ်
လွတ်လပ်တဲ့သတင်းဌာနတွေ၊ သတင်းသမားတွေကို ကိုယ်စားမပြုပါဘူးလို့ပြောထားတဲ့
ရခိုင်အခြေစိုက် BNA သတင်းဌာနမှ အယ်ဒီတာချုပ် ကောင်းမြတ်နိုင်နဲ့
Western News သတင်းဌာနမှ အယ်ဒီတာချုပ် ဝဏ္ဏခွာညို ဆိုတာလည်း
တရားစွဲထားလို့ AA ဆီမှာ ပုန်းနေတဲ့ကောင်တွေ
ကျန်မီဒီယာ ၂ ခုက သူတွေလည်း ဒီလိုပဲ
Development Media Group အယ်ဒီတာချုပ်ဆိုလည်း ပြေးနေတာ ၃ နှစ်ကျော်ပြီ
လွတ်လပ်တဲ့မီဒီယာဖြစ်ချင်တာလား….?
တာဝန်ယူမှုမရှိ တာဝန်ခံမှုမရှိ ပေါက်ပန်းလေးဆယ်တွေရေးထွက်ပြေးတဲ့ မီဒီယာဖြစ်ချင်တာလား..?
ဆိုတာကိုရော မင်းတို့ကိုယ်တိုင်သိကြလား
ရခိုင်မီဒီယာလို့ခံယူပြီး လေလှိုင်းကနေ
ပြည်နယ်ငြိမ်းချမ်းမှု ပျက်ပြားအောင်
လူမျိုးရေးပဋိပက္ခဖြစ်အောင်
နှစ်ဖက်စစ်ရေးတင်းမာလာအောင် ထောက်ပံ့ကြေးယူလှုံ့ဆော်ရေးသားပြီး
လူထင်ကြီးအောင် ကြီးကြီးကျယ်ကျယ်ပြောနေတဲ့ကောင်တွေ
အရှက်လေးတော့ ရှိစေချင်တယ်
#MinChitOo

Post a Comment

Previous Post Next Post