လူရင်းက ထိုးတဲ့ ဒါး


အာဏာရှိစဉ်က
နေရာနဲ့ရာထူးလိုချင်သူတွေက ထမိန်ခြုံပြီး
" အမေ ၊ အမေ " နဲ့ အနားကပ်ခဲ့ကြတယ်။

အာဏာလက်လွတ်ပြီး နရသိန်မှာ အကျဉ်းစံနေရတော့
အမေ့ကို စွန်ခွာပြီး NLD တံဆိပ်တုံးကို မောင်ပိုင်သိမ်းလို့
ပြည်ပေးအစိုးရတည်ဆောက်ကြတယ်။

အမေ့ကို ထောင်သွင်းအကျဉ်းချထားတဲ့
စစ်အုပ်စုကိုဖြုတ်ဖို့ လက်နက်ကိုင်တော်လှန်ရေးလုပ်မှ
အမေ လွတ်မြောက်မှာဖြစ်တယ်။

ဒါကြောင့်
အမေ လွတ်မြောက်ဖို့ လက်နက်ကိုင်ပြီးစစ်ကောင်စီကို တော်လှန်ကြစို့ ဆိုပြီးအညာသားတွေရဲ့နား အဆိပ်ခတ်လို့အညာသားတွေဟာ ကနေ့အထိ လက်နက်ကိုင် တော်လှန်ရေးလုပ်နေကြတယ်။

တော်လှန်ရေးရဲ့ အကျိုးဆက်ကတော့အညာသားတစ်ချို့ သေသူကသေ ၊ ပြတ်သူကပြတ် ၊ပြေးသူကပြေးနေရတာ ကနေ့အထိပဲ။

တစ်ချို့သော အညာသားတွေရဲ့ ဇာတိရွာဟာ ပြာပုံဘဝ
ကို နေ့ချင်းညချင်း ရောက်သွားကြတယ်။

ဒါတင်မှ အားမရ
အမေလွတ်မြောက်ဖို့ ၊ တိုက်ပွဲဝင်ဖို့
လေယာဉ်ပစ်သေနတ်ဝယ်ဖို့ ဆိုပြီး အမေ့ပုံကိုပြကာ
အလှူခံကြသေးတယ်။

အမေ့သား အငယ်ကောင် ဆွဲထားတဲ့ ပန်းချီကားကိုလည်း ဆန်ရေ ဆိုတဲ့ ခေါင်းစဉ်နဲ့ လေလံပစ် အလှူခံ
လိုက်သေးတယ် ။

အခုတော့
အမေအို အပြင်ရောက်မှာကို သူတို့ကြောက်နေကြတယ်။

အမေအို အပြင်ရောက်ရင် သူတို့ဘဝက ပျောက်မှာလေ။

သူတို့ ဘဝမပျောက်ဖို့ အမေအို အပြင်မရောက်အောင်

နွေဦးတော်လှန်ရေး လုပ်တာ အမေအို လွတ်ဖို့ မဟုတ်ဘူး

နွေဦးတော်လှန်ရေး လုပ်တာ NLD ပါတီ အတွက် မဟုတ်
ဘူး၊

အမေအို အပြင်ရောက်လာလို့ နွေဦးတော်လှန်ရေးဟာ
ရပ်တန့်သွားမှာ မဟုတ်ဘူး။

နွေဦးတော်လှန်ရေးဟာ စစ်တပ်ကို ဖြုတ်ချမယ့်
တော်လှန်ရေး၊

နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့
တိုင်းပြည်ကို တည်ဆောက်မယ့် တော်လှန်ရေး၊

နွေဦးတော်လှန်ရေးဟာ ပြည်သူအားလုံးကို ကိုယ်စားပြု
တဲ့ တော်လှန်ရေးဆိုပြီး ဝါဒဖြန့်ကြပြန်တယ်။

အမေ့အိုကို ထောင်ထဲမှာ စွန့်ပစ်ခဲ့ပြီး
ပြည်ပမှာ တစ်ထီးတစ်နန်းနဲ့ သမ္မတတွေ ၊ဝန်ကြီးချုပ်တွေ
ဝန်ကြီးတွေဆိုပြီး ရာထူးတွေယူ ကောင်းစားနေသူတွေဟာ

နောက်ဆုံးတော့ အမေအိုကို မသေမချင်းကြိုးကွင်းစွတ်
ပြီး သတ်ဖို့ လုပ်ကြပြန်တယ်။

အဲ့ဒါကတော့

လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တပ်မတော်
ခေါင်းဆောင်တွေကို ICC မှာ တရားစွဲတော့

တပ်မတော်ခေါင်းဆောင်တွေ လူမျိုးတုန်း သတ်ဖြတ်မှု
ကျူးလွန်ရာမှာ သတ်ဖြတ်မှု အောင်မြင်အောင်

အမေအိုက ကူညီခဲ့လို့ ၊ အားပေးကူညီမှုနဲ့ တရားစွဲတာ
ပါတဲ့ ခင်ဗျာ ။

အဲ့ဒီ အကြောင်းကို မသိတဲ့ အညာသားတွေက

အမေအို မွေးနေ့ အထိမ်းအမှတ်အဖြစ်

" ပန်းသပိတ် " ဆိုပြီး ဆင်နွဲကြအုံးမယ်တဲ့။

(ဆီမီးအိမ်)

Post a Comment

Previous Post Next Post