ပီတာကို နောက်ကြောင်းပြန်စစ်ဆေးမည်


၂၀၂၃ ထိုင်းရွေးကောက်ပွဲမှာ ထောက်ခံမဲအများဆုံးရခဲ့တဲ့ ရှေ့သို့လှမ်းချီပါတီရဲ့ ကိုယ်စားပြု ဝန်ကြီးချုပ်လောင်း အဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ပီတာ လင်မ်ဂျရိုယင်ရတ်  ယှဉ်ပြိုင်အရွေးခံဖို့ မှတ်ပုံတင်တုန်းက သတ်မှတ် အရည်အချင်းနဲ့ကိုက်ညီခဲ့ခြင်းရှိ/မရှိ ထိုင်းရွေး ကောက်ပွဲကော်မရှင်က နောက်ကြောင်း ပြန်စစ်ဆေး သွားမယ်လို့ဆိုပါတယ်။                            
-
အသက် ၄၂ နှစ်အရွယ် ပီတာဟာ အိုင်တီဗွီ ရုပ်မြင်သံကြားကုမ္ပဏီမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်။ သူ့အဖေက အမွေပေးတဲ့ရှယ်ယာတွေသာဖြစ်ပြီး  မီဒီယာကုမ္ပဏီမှာ သူရည်ရွယ်ချက်ရှိရှိနဲ့ ရင်နှီးမြှုပ်နှံ ထားတာမဟုတ်ဘူးလို့ ပီတာကအတိအလင်းငြင်းတယ်။                          
-
ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပီတာ့အတွက် သံသယကင်းအောင် ရှင်းခဲ့ခြင်းမရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်း စစ်ဆေးမယ်ဆိုမှ ဒီလိုငြင်းဆိုတာ ရိုးဖြောင့်မှုမရှိဘူးလို့ ဝေဖန်ထောက်ပြကြတာတွေ့ ရတယ်။                                                                                          
-
၂၀၀၇ ခုနှစ်ကတည်းက အစီအစဉ်တွေ ရိုက်ကူးထုတ်လွှင့်ခြင်းမရှိတော့ဘူးဆိုတဲ့ အိုင်တီဗွီက သူ့အဖေရဲ့ အမွေရှယ်ယာတွေကို အခုသူမပိုင်တော့ဘဲ လွှဲပြောင်းပေးပြီးပြီလို့ လည်းပီတာကပြောတယ်။                                                                                                  -
တကယ်လို့ စုံစမ်းစစ်ဆေးကြည့်ပြီး ရွေးကောက်ပွဲအတွက် နာမည်စာရင်းပေး မှတ်ပုံတင်ချိန်မှာ သတ်မှတ်  အရည်အချင်းမရှိတာ၊ မရိုးဖြောင့်တာတွေ့ရမယ်ဆိုရင် ပီတာဟာ ထောင်ဒဏ် (၁၀)နှစ်ကျခံရမယ်။ နိုင်ငံရေးကနေ နှစ်(၂၀) ပယ်တာခံရ မှာလည်းဖြစ်တယ်။

Ref: CNN

Post a Comment

Previous Post Next Post