ARSA အဖွဲ့ဝင်များ ဆက်တိုက်ဖမ်းဆီးခံရ


လက်နက်ကိုင်ဆောင်ပြီး အကြမ်း ဖက်ကျူးလွန်နေတဲ့ ARSA အဖွဲ့ဝင် အများအပြားကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လိုက်လံ ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။       
ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၁:၀၀ ခန့် အချိန်တွင် စခန်း ၁၈ Block M ၁၂ တွင်နေထိုင်သူ ARSA အဖွဲ့ဝင် ရှော်ဘီအာမတ် (ခေါ်)လာလူကို သေနတ်တစ်လက်၊ စကားပြောစက် တစ်လုံး နှင့် အတူ ဖမ်းဆီး နိုင်ခဲ့ကြောင်းသိရပါတယ်။
      
၎င်းသူမှာ လူသတ်မှုများ နှင့် တရားခံ ပြေး တစ်ဦး ဖြစ်ပြီး ဝင်ရောက်ရှာဖွေစဉ်က ဖမ်းဆီး နိုင်ခဲ့ ကြောင်း ရဲ တပ်ဖွဲ့က ဆို ပါတယ်။ ရှောဘီအာမတ် (ခေါ်)လာလူသည် လူ၆ဦးကို အစုလိုက်သတ်ဖြတ်မှု၊ သီးခြာစီလူသတ်မှု ၆ ခု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု နှင့် အခြားအမှုပေါင်းများစွာ ကျူးလွန်ခဲ့ကြောင့် စွပ်စွဲ ခံရပါတယ်။
      
ဇွန်လ ၉ ရက်နေ့တွင်လည်း စခန်း ၁၉ Block A 14 တွင်နေထိုင်သူ တရားခံ ပြေး ARSA အဖွဲ့ဝင် အာရဖတ်ကို သေနတ်တစ်လက်၊ စကားပြောစက် တစ်လုံးနှင့် အတူ ဖမ်းဆီး နိုင်ခဲ့ပါတယ်။ ဖမ်းမိလိုက်တဲ့တရာခံပြေး၂ဦးကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု များနှင့် ဆက်လက်အရေး ယူနိုင်ရေး အတွက် အူကီးယာမြို့နယ်ရဲစခန်း သို့ပို့ဆောင်ထိန်သိမ်းထားကြောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ARSA အဖွဲ့ က ဒုက္ခသည်စခန်း အတွင်း တရားမဲ့ လူသတ်မှု၊ ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှုများ ဆက်လက်ကျူးလွန်နေပြီး ၎င်းတို့ကို တားဆီးဖို့ အာဏာပိုင်များက ကြိုးပမ်းနေတယ်လို့ ၎င်းတို့နိုင်ငံသတင်းစာမျက်နှာများတွင် ဖော်ပြထားသည်။

Post a Comment

Previous Post Next Post