အကြမ်းဖက်သောင်းကျန်းသူ လက်နက်ကိုင်တွေနဲ့ ကင်းဝေးရာနေရာ



နိုင်ငံတစ်နိုင်ငံမှာ တရားဝင် တပ်မတော်တစ်ခုပဲရှိရမယ်ဆိုတာ လူတိုင်း သိပီးသားပါ။

အဲဒီနိုင်ငံမှာ လက်နက်ကိုင် အခြားတစ်ဖွဲ့ သို့ အဖွဲ့ပေါင်းမြောက်များစွာ ရှိလာမယ်ဆိုရင် အဲဒီအဖွဲ့တွေကို သူပုန်လို့ သတ်မှတ်ပြီး အမြစ်ပြတ် ချေမှုန်းလေ့ရှိပါတယ်။

တည်ဆဲ အစိုးရတစ်ရပ်ကို ဆန့်ကျင်တယ်ဆိုရင် ဆန့်ကျင်တဲ့သူဟာ သူပုန် သို့ အကြမ်းဖက်လို့ပဲ နိုင်ငံတိုင်းက သတ်မှတ်ကြမှာပါ။


ငြိမ်းချမ်းရေးလမ်းစဉ်ကို မလိုက်ဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကတည်းက သောင်းကျန်းသူ လက်နက်ကိုင်တွေ ရှိတဲ့ ဒေသဟာ မငြိမ်းချမ်းနိုင်သလို နေထိုင်တဲ့ ပြည်သူတွေကလည်း ဒုက္ခတွေ ရောက်ကြရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။


ယခုလို သိသိရက်နဲ့ စစ်ကိုခေါ်တဲ့ ဒေသတွေဟာ စစ်ရဲ့ မကောင်းတဲ့ ဆိုးကျိုးတွေကို ခံစားနေရတာဟာ ပုံမှန်လို ဖြစ်နေပါပြီ။

မိမိတို့ဒေသငြိမ်းချမ်းဖို့ အေးချမ်းစွာလုပ်ကိုင်စားသောက်နိုင်ဖို့ဆိုရင် အကြမ်းဖက် သောင်းကျန်းသူ လက်နက်ကိုင်တွေ မရှိဖို့လိုအပ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

#MinZawLwin

Post a Comment

Previous Post Next Post