သွေးထက်အသက်


ဆန်ကွဲကျိုးလည်း စားခဲ့ဖူးတယ်
ပဲပိုးထိုးနဲ့လည်း ညားခဲ့ဖူးတယ်
တောထူထူက ဌက်ပျောအူကိုလည်း
အရည်သောက်ချက် မြိုချခဲ့ဖူးတယ်
ရိက္ခာတစ်ပတ်စာယူသွား နယ်မြေရှင်း
လေးပါဆိုပြီး နှစ်ချီသွားတဲ့ စစ်ဆင်ရေး
မျိုးလည်း ကြုံခဲ့ဖူးတယ်။
*
ခြေလျင်စစ်သား
ခါးမှာကျည်ကပ်၊ ကျောမှာလွယ်ပိုး
ပလိုင်းကြိုးက နဖူးပေါ်တင်
လက်မှာသေနတ်၊ ပြည့်ခဲယမ်းနဲ့
တောင်တန်းကိုလည်း
စစ်သည်စစ်သား ရဲဘော်များနဲ့
ရယ်တစ်ခါမဲ့တလှည့်
ငေါက်တစ်ခါချော့တလှည့်နဲ့
တပည့်တွေနဲ့အတူ ဖြတ်သန်းခဲ့ဖူးတယ်။
*
ဆယ်ကျော်သက်ရဲ့ လွတ်လပ်မှုကိုစွန့်ကာ
ငါဘဝပုံအပ် ငါ့ဂုဏ်ဒြပ်ကို
ဝါသနာနဲ့ထပ်တူကျတဲ့
လမ်းကိုလျှောက်လမ်းရင်းနဲ့
မြင့်မြတ်တဲ့ စစ်သားဘဝကို
ရွေးချယ်ခဲ့တယ်။
*
ငါဖျားချိန်....
ငါနာချိန်
ငါဆာချိန်
ငါမောချိန်တွေမှာ
ရှိခဲ့ဖူးတဲ့ လက်တွဲဖော်စစ်သည်တွေကို
သွေးထက်အသက် ငါသစ္စာရှိတယ် ။။။ 💚
#BaNyunt

1 Comments

  1. သေဖော်သေဖက်ရဲဖော်ရဲဖက်ပြည့်အကျိုးအတွက် အသက်ပေးရဲသူ
    တေသာ သည်အလုပ်မျိုးလုပ်နိုင်တာ

    ReplyDelete

Post a Comment

Previous Post Next Post