၂၀၂၀ ရွေးကောက်ပွဲကို ဘာကြောင့် တရားမျှတလွတ်လပ်မှုမရှိဘူးလို့ပြောရသလဲ


၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတမှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ -
(၁) မဲစာရင်းတွေဖောင်းပွနေခြင်း၊ မဲဆွယ်စည်းရုံးရာမှာ တရားမျှတမှုမရှိခြင်း။
(၂) အလုပ်သမား၊ လဝကဌာနတွေကို တိုင်းနဲ့ပြည်နယ်အဆင့်မှာ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်း။
(၃) NLD ပါတီဝင်နှင့် အမာခံများကို ရပ်/ကျေး အုပ်ကြီးများအဖြစ် တင်မြှောက်ခဲ့ခြင်း။
(၄) မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တွင် ကွန်ပျူတာကျွမ်းကျင်သူ ၂ ဦးစီကို ပွင့်လင်းမြင်သာမှုမရှိဘဲ ခန့်အပ်ခြင်း။
(၅) IFES မှ ကွန်ပျူတာများကို လက်ခံခဲ့ခြင်း။
(၆) အမေရိကန်နိုင်ငံ၏ ဒေါ်လာ ၄၆ သန်းကျော်ကို လက်ခံခဲ့ခြင်း။
(၇) သမ္မတနှင့် ဝန်ကြီးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်၍ မဲဆွယ်စည်းရုံးခဲ့ခြင်း။
(၈) ရွေး/ကော်ဥပဒေများကို ရှုံ့ချည်/နှပ်ချည် လိုသလို အမျိုးမျိုးပြင်ဆင်ထုတ်ပြန်ခြင်း။
စတဲ့အချက်တွေအရ တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ခဲ့ပါ။
-
အထူးသဖြင့် နိုင်ငံကြီးတစ်ခုကို ကြိုးကိုင်ချယ်လှယ်ရစေတဲ့ ဩဇာခံရုပ်သေးအစိုးရဖြစ်ဖို့ စီစဉ်နေတာ ပေါ်လွင်လှတယ်။
-
နောက်ပိုင်းကျရင် လွှတ်တော်ထဲ/ ဝန်ကြီးဌာနတွေထဲကို နိုင်ငံခြားသား ထောက်လှမ်းရေးတွေ၊ အကြံပေးတွေကို ခန့်ထားခဲ့ပြီး နိုင်ငံတော်ရဲ့ လျှို့ဝှက်ဥပဒေတွေကို ဘယ်လိုခိုးယူအသုံးချခဲ့လည်းဆိုတာ ပြောပြပါမယ်။
#kt

Post a Comment

Previous Post Next Post