Value Added ဆိုတာဘာလဲ?



Value Added Products သတ်မှတ်ချက်နှင့် နိုင်ငံတော်၊ပြည်သူများနှင့် ရင်းနှီးမြှပ်နှံသူများ အားလုံးအဆင်ပြေမှသာ ထိုနိုင်ငံ၏စီးပွါးရေးကောင်းမွန်ကာ ရေရှည်တိုးတက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။


မြန်မာနိုင်ငံ၏လက်ရှိစီးပွါးရေးမှာ စိုက်ပျိုး၊မွေးမြူရေးထုတ်ကုန်ကြမ်းများကို MSME လုပ်ငန်းများတွင်အသုံးချကာ စီးပွါးရေးတိုးတက်အောင်မူဝါဒချမှတ်အကောင်အထည် ဖော်လျှက်ရှိပါသည်။


ထို့ကြောင့် Value Added ဆိုသည့် သတ်မှတ်ချက်မှာ အရေးကြီးလာပါသည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းကို Value Added ထုတ်လုပ်ပြီး ပြည်ပတင်ပို့ရောင်းချရသည့် US$ ကို ကျပ်ငွေလဲရာတွင် ၁၀၀% ခွင့်ပြုပြီး
ကုန်ကြမ်းအဆင့်ရောင်းချပါက ၃၅% ကို ပြင်ပကျပ်ငွေဖြင့်လဲလှယ်ရပြီး၊ ၆၅% ကို အစိုးရသတ်မှတ်ကျပ်ငွေလဲနှုန်းဖြင့်လဲလှယ်ခွင့်ပြုရပါသည်။

စိုက်ပျိုးရေးထုတ်ကုန် စပါးကို ကြိတ်ခွဲပြီး ပြည်ပပို့ကုန်အဆင့်မီဆန်အဖြစ်ရောင်းချပါက ငွေလဲနှုန်းပြင်ပစျေးဖြင့် ၁၀၀% လဲခွင့်ရပါသည်။




သို့ရာတွင် ရာဘာကုန်ကြမ်း အရည်နှင့် မှိုင်းခံကို နိုင်ငံတကာအဆင့်မီ ရာဘာ MSR 10အဆင့် စက်ရုံများတည်ထောင်ကာ အဆင့်ဆင့် သန့်စင်ကြိတ်ခွဲရောင်းချ Value Added အဆင့်မြင့်နိုင်ငံတကာအဆင့်မီ ရာဘာတုံးများကိုမူ ၆၅%၊၃၅% အချိုးခွင့်ပြုပေးနေခြင်းသည် ရာဘာများ ထိုင်း၊မလေးရှားနိုင်ငံများသို့ တရားမဝင်ခိုးထုတ်ရန် တွန်းအားပေးလိုက်သလိုဖြစ်နေပါကြောင်း သတိပြုမိပါတော့သည်။


ရင်းနှီးမြှပ်နှံသူများက ၆၅%၊ ၃၅% တွင် လျော့နဲငွေအား အရှုံးခံမည်မဟုတ်ဘဲ ရာဘာကုန်ကြမ်းကိုစျေးချဝယ်မည်သာဖြစ်သည်။ ထိုသို့စျေးချဝယ်ပါက ထိုင်းသို့မှောင်ခိုပို့မည်သူများက စျေးပိုပေးနိုင်သွားမည်ဖြစ်ကာ လက်ရှိပြည်တွင်းရာဘာစက်ရုံများသို့ရောင်းချခြင်းမပြုတော့ဘဲ မှောင်ခိုရောင်းချသူများထံသာ စျေးပိုရ၍ ရောင်းချပါလိမ့်မည်။

MSR -10 ရာဘာသည် Value Added definition တွင် Semi Finished Products များသည် Value Added Product  ဖြစ်ပါသည်။

ထိုသို့ နိုင်ငံတကာစံများကို   အသိအမှတ်မပြုပါက ပြည်ပရင်းနှီးမြှပ်နှံသူများ တောင်အာဖရိကသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ပါကြောင်း သတိပေးအပ်ပါသည်။

မြွေပါလည်းဆုံး သားလည်းဆုံး

အလိုကြီးလျှင် အရနဲမည်ကို အထူးသတိပြုအပ်ပါသည်။

Post a Comment

Previous Post Next Post