တာချီလိတ်၊ တာ​ကော်တံတားတွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Breaking News
*************
မနေ့က ည ၇ နာရီခန့်တွင် အများပြည်သူ အေးချမ်းသာယာစွာ သွားလာနိုင်ရေးအတွက်  တာကော်တံတားတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များ  မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ်  တာချီလိတ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော WISH/အဖြူရောင် (လိုင်စင်မဲ့) ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် လက်နက်/ ခဲယမ်းများနှင့်အတူ ယာဉ်မောင်းအား ဖမ်းဆီး ရရှိခဲ့ပါသည်။

ဖမ်းဆီးရမိလက်နက်များမှာ
(၁) တရုတ်နိုင်ငံထုတ် စက်လက် ၅ လက်
(၂) Type-81-1 မောင်းပြန်ရိုင်ဖယ်   ၄ လက်
(၃) တူရကီ နိုင်ငံထုတ်MK– 12 Buffer Bolt System ၁ လက်
(၄) ဂျာမနီနိုင်ငံထုတ်  HK-MP-5  သေနတ်  ၁ လတ်
(၅) အီတလီ နိုင်ငံထုတ် Pletro Berella ပစ္စတို ၁ လက်
(၆) ကျည် ၁၂၅ တောင့်
(၇) ကျည်အိမ်မျိုးစုံ ၁၅ ခု
(၈) စက်လက်ကျည်ခါးပတ်တွဲ ၄ ခု
(၉) လွယ်ကြိုး ၁ ချောင်း
တို့ဖြစ်။
-
NUG PDF တို့အတွက် မျက်ရည် ၁၂ စက်။။။
#KT

1 Comments

Post a Comment

Previous Post Next Post