မြန်မာ့ငြိမ်းချမ်းရေး အလှမ်းဝေးကွာနေရတဲ့အကြောင်းအရင်း


ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး နန်ဆန်ယန်တဝိုက်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်နေတဲ့အချိန်ကိုက်ပြီး တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ရှိလာပါတယ်..

မနေ့က ဇူလိုင် ၂၇ ရက်နေ့မှာ စကစဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးကြောင်း ကြားသိရပေမဲ့ စကစဘက်က အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိပါဘူး..

တရုတ်-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ရေးလှုပ်ရှားမှုတွေ များလာတိုင်း တရုတ်ငြိမ်းချမ်းရေးကိုယ်စားလှယ်ရောက်လာတတ်ပြီး KIA နဲ့ စကစကြား စေ့စပ်ဆွေးနွေးမှုတွေ လုပ်လေ့ရှိပါတယ်…

ဒါပေမဲ့ တရုတ်နိုင်ငံက သူ့အကျိုးစီးပွားအတွက် သူ့နယ်စပ်မှာရှိနေတဲ့ EAOs တွေကို အသုံးချပြီး စကစကို ထိန်းချုပ်ဖို့ ကြိုးစားနေလို့  အမှန်တစ်ကယ် ငြိမ်းချမ်းရေး ရရှိဖို့ မလွယ်ကူလှပါဘူး..

စကစအနေနဲ့က အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက သူ့ကို ၁၀၀ % အပြည့်အဝထောက်ခံမှုမပေးလို့ ရုရှားနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံနေရပေမဲ့ တရုတ်ကြီးက စီးပွားရေး၊ စစ်ရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတွေမှာ အဆင်ပြေပြေ တန်းတူဆက်ဆံရေး လိုချင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်..

လက်ရှိတရုတ်နိုင်ငံရဲ့ အနေအထားကတော့ မြန်မာနိုင်ငံကို မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအဖြစ် ကြွေးကြော်နေပေမဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ တရုတ်-မြန်မာ နယ်စပ်က EAOs တွေကို မွေးမြူပြီး မြန်မာ့ငြိမ်းချမ်းရေးမှာ သူမပါမဖြစ် ပါရအောင် လုပ်နေတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်…

#ခင်ညိုချော

1 Comments

  1. ဆရာတို့လည်သိပါတယ်။မြန်မာပြည်စီးပွား​ရေးရဲ့95%ဟာတရုတ်​တွေပိုင်တာပါ။အဓိကအချက်ကိုကြည့်ပြီးတရုတ်အစိုးရကိုမ​​​ကြောက်ပါနဲ့။*တရုတ်အစိုးရဟာမြန်မာပြည်ပြိုကွဲသွားမှာကိုကျွန်​တော်တို့စိုးရိမ်တာထက်သူတို့ကပိုပြီးစိုးရိမ်တယ်*။ကချင်နဲ့ပတ်သက်ပြီးလုပ်စရာရှိတာပြတ်ပြတ်သားသားလုပ်​ပေးပါ။kiaကအကြီးပိုင်း​တွေUSAနဲ့ခွထိုင်တယ်ဆိုတာလဲသူတို့ခိုင်းလို့ပါ။အဲဒါမှသူတို့ဆီကလက်နက်​တွေ၊နည်းပညာ​တွေရပြီးKIAနဲ့KNUကတဆင့်သူတိုရဲ့လက်နက်နည်းပညာ​တွေကို​လေ့လာခွင့်ရမှာ​လေ။မြန်မာပြည်ရဲ့ရာဇဝင်​တွေ​လေ့လာကြည့်ရင်မြန်မာဘုရင်​တွေတကယ်ကြမ်းရင်သူတို့ကလက်​ရှောင်တာကဆယ်ကြိမ်မှာကိုးကြိမ်ပါ။သူတို့ကမြန်မာ​တွေကိုအရိုင်း​ကောင်​တွေဆိုပြီးမအုပ်ချုပ်ချင်ကြတာမို့လို့ပါ။သူတို့သိမ်းနိုင်တဲ့အချိန်​တွေတုန်းက​တောင်မသိမ်းခဲ့တာအဲဒါ​ကြောင့်ပါ။(သူတို့ကမြန်မာပြည်ကိုတစ်၀က်တစ်ပျက်​တော့ပျက်စီးချင်တဲ့စိတ်ရှိတာ​တော့​တော်​​တော်​သေချာပါတယ်။ဘာလို့လဲဆို​တော့တည်​ဆောက်​ရေး၊ပြုပြင်​ရေးလုပ်ရင်ဆယ်ခုကိုကိုးခုကသူတု့ဟာ​တွေနဲ့လုပ်ရတာမို့ပါ။တစ်ခုလုံးပျက်စီး​စေချင်စိတ်မရှိတာကျွန်​တော်တို့ထက်အများကြီးပိုတယ်ဆိုတာသံသယမရှိပါနဲ့ဆရာ။အချုပ်​ပြောရရင်သူတို့အသုံးချ​နေတဲ့အဖွဲ့​တွေကိုအသားကုန်ဗျင်း​လဲသူတို့ကဟန်ပြ​သာသာပဲ​ချောက်ပြမှာ​​တော်​တော်​သေချာပါတယ်။*အ​ကြောင်းပြချက်တစ်ခုပဲ​ပေးပါ့မယ်။နှစ်​ပေါင်းငါးရာမြန်မာရာဇ၀င်​တွေကို​လေ့လာကြည့်လိုက်ပါ။သူတို့မြန်မာဘုရင်​တွေတကယ်ကြမ်းရင်မြန်မာဘုရင်​တွေကိုဘယ်လိုဆက်ဆံခဲ့လဲ*

    ReplyDelete

Post a Comment

Previous Post Next Post