လောင်စာတွေ ထည့်နေကြတာ

ကမ္ဘာလူဦးရေဟာ တကျပ်ကို တမတ်နားအထိ ပျက်စီးလိမ့်မယ်၊ လူသားတွေပါးစပ်က ရတနာ သုံးပါး တလာတဲ့အထိ ပျက်းစီးလိမ့်မယ်လို့ ပုဂ္ဂိုလ်တွေ ပြောခဲ့တုန်းကသိပ်မယုံခဲ့ဘူး၊
ဆယ်စုနှစ် တစုအတွင်း အဲဒီလောက်အထိ ပျက်စီးမှာတဲ့။
အခုတော့ တကယ် ယုံသွားပြီ၊ တကမ္ဘာလုံး လောင်စာတွေ ထည့်နေကြတာ။

အကြောင်းတရား မပြည့်စုံသေးလို့ အကျိုးတရား မဖြစ်ပေါ်သေးတာပါ။

ရေ မြေ လေ မီး အကုန်လာမယ် လို့ ပြောထားတာ တကယ်ဖြစ်တော့မယ်ထင်တယ်။
သီလ သမာဓိပညာ ပြည့်ဝတဲ့ ရသေ့တပါးကို တနိုင်ငံလုံးစော်ကားကြလို့ တိုင်းပြည်ပျက်စီးတဲ့အထိ ဖြစ်ခဲ့ဘူးသေးတာပဲ။

မြတ်ဗုဒ္ဓ ဖြစ်ပေါ်လာဖို့ လေးအသချေ်ကမ္ဘာတသိန်းတောင် ပါရမီဖြည့်ခဲ့ရတာ။
သာမန်ပေးဆပ်မူ့ မှမဟုတ်တာ၊ ကြီးကျယ်တဲ့ ပေးဆပ်မူ့ ရှိခဲ့လို့လည်း အမြတ်ဆုံး ဆိုတဲ့ ဂုဏ်ထူးဝိသေ သကို ရထားထားပါ။

အမြတ်ဆုံးပုဂ္ဂိုလ် ကို တကမ္ဘာလုံးဝိုင်းစော်ကားနေကြမှတော့ အဆိုးဆုံး ကြီးတွေ ဖြစ်ဖို့ အကြောင်းတရားတွေက သူ့အလိုလို ဖန်လာတော့မှာပါ။

တမတ်ထဲ ပါနိုင်အောင်သာ
ကုသိုလ်များများ လုပ်ထားပြီး ကာကွယ်ကြရတော့မှာပါ။

အကြောင်း အကျိုး တရားကို ယုံကြည်တယ် ဆိုရင်
ကုသိုလ်များများ လုပ်ထားကြဖို့ တိုက်တွန်းပါရစေ။

မြတ်ဗုဒ္ဓ ကို 
စော်ကားတဲ့သူ စော်ကားတဲ့နိုင်ငံ ပျက်စီးနိုင်တယ်လို့ ခဏခဏ သတိပေးစာတွေ ရေးပေးခဲ့ဘူးပါတယ်။

မှန် မ မှန် အချိန်က အဖြေပေးပါလိမ့်မယ်။

တကမ္ဘာလုံး လောင်စာ စုနေကြတာ ပြည့်ခါနီးနေပြီမို့
ဓမ္မ မိတ်တွေများ သရဏဂုံ တည်ဖို့ ငါးပါးသီလ လုံခြုံဖို့
ဗြဟ္မာ စိုရ်တရား လေးပါး လက်ကိုင်ထားကြဖို့ ပရိတ်ပဋ္ဌာန်းတွေ နိုင်သလောက်ပူဇော်ကြဖို့ တိုက်တွန်းပါရစေ။

ဦးမြင့်ခိုင်

Post a Comment

Previous Post Next Post