စားသုံးဆီပိဿာချိန် ၁.၇ သန်းကျော်ကို ရည်ညွှန်းဈေးအတိုင်း ရောင်းချတော့မည်ဖြစ်၍ ဆီစျေးကျလာနိုင်ဖွယ်ရှိ


စားသုံးဆီများ ဈေးအဆမတန်မြင့်တက်နေခြင်းနှင့် ပတ်သက်၍ စားသုံးဆီကဏ္ဍတွင် ပါဝင်သော ဆီလုပ်ငန်းရှင်အားလုံးတွင် တာဝန်ရှိပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် လက်ကားရည်ညွှန်းဈေး အနီးတွင်သာရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

စားအုန်းဆီများ ဈေးကွက်တွင် ဈေးနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ယနေ့  ညှိနှိုင်းဆွေးနွေးခြင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စားအုန်းဆီ တင်သွင်းသူများအား ဆီတင်သွင်းရာတွင် ကုန်ကျမည့် ကန်ဒေါ်လာ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ လျှင် ၂၁၀၀ ကျပ် ဈေးဖြင့် ရောင်းချပေးထားပြီး ကျန် ၅၀ရာခိုင်နှုန်းကိုလည်း တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ခန့်ဖြင့် ရောင်းချပေးထားသော်လည်း ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးများ လွန်ကဲစွာ မြင့်တက်လျှက်ရှိကြောင်းလည်း ၎င်းက ပြောသည်။
#popular

Post a Comment

Previous Post Next Post