ပြိုလဲခြင်း

မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို စော်ကားတဲ့ အရေးအသားတွေတွေ့တိုင်းမှာ ဒေါသမဖြစ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသူများကို စာနာပါ လို့ပဲ ပြောချင်ပါတယ်။ 

Inferiority Complex ထက်ဆိုးတဲ့ ပြိုလဲခြင်းပဲ။ ကျွန်တော်တို့ လူသားတွေဆိုတာ လူ့အဖွဲ့အစည်းနဲ့ နေရတယ်။ Society ရှိတယ်။ Culture ရှိတယ်။ အဲဒီ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုကို အနည်းနဲ့အများခံကြရတယ်။ ကျွန်တော်တို့ အများစု လက်ခံထားတဲ့ ယဉ်ကျေးမှုစံတန်ဖိုးတွေ စံနှုန်းတွေ (Values and Norms) တွေရှိတယ်။ ဘယ်လိုပဲ ဆန့်ကျင်ဖို့ ကြိုးစားပါစေ၊ ခက်ခဲတယ်။ 

လက်ရှိအနေအထားကကျတော့ အဘက နေပြည်တော်မှာ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို အကြီးအကျယ် အနေကဇာတင်လိုက်တယ်။ သိပ်ကို အဆင်ပြေပြေ၊ အောင်အောင်မြင်မြင်နဲ့၊ အလှူရှင်တွေနဲ့ ရေစက်ချလိုက်တယ်။ ယဉ်ကျေးမှု စံတန်ဖိုးအရ အတော်ကို အပေါင်းလက္ခဏာ အမှတ်များတဲ့ကိစ္စတစ်ခု လုပ်လိုက်တာပဲ။ 

တစ်ချိန်တည်းမှာပဲ တော်လှန်ရေးအမည်ခံ အုပ်စုတွေကျ ဒေါ်စုကြည် လွတ်လာမှာကို ကြောက်နေကြရပြီ၊ အတိုင်အတောတွေ များလာပြီ၊ ဒေသအလိုက် တစ်ဗိုလ်တစ်မင်း ထူထောင်လာပြီး အထိန်းအကွပ်မဲ့လာကြပြီ။ လုံးဝ 'Out of Control' ကို ဖြစ်နေပြီ။ မုဒိမ်းမှုတွေကလည်း ကျော်မကောင်း၊ ကြားမကောင်း... လူထုကို အခြေပြုထားတဲ့ အကြမ်းဖက်တွေဟာ လူထုက ပြန်ဆန္ဒပြတာကို ခံနေရပြီ။ ဒီတော်လှန်ရေးဟာ ဖြိုခွဲစရာမလိုဘဲ ပြိုဆင်းသွားမယ့်အရာကြီးဖြစ်နေပြီ။

အဲဒီအချိန်မှာ သူတို့နဲ့ လုံးဝဆန့်ကျင်ဘက် ကုသိုလ်ကောင်းမှုကြီးတစ်ခုကို ပြုပြလိုက်တာဟာ လုံးဝကို Psywar သွားထည့်မိသလိုဖြစ်သွားတာ။ ဒီတော့ တစ်ဖက်က အလှူ့ဒကာကိုလည်း မကြည်ညိုဘူး၊ သူ့အလှူကိုလည်း သာဓုမခေါ်ဘူးတွေ ထ ဖြစ်ရာက အလွန်အကျွံတွေဖြစ်ကုန်တော့တာပါ။ 

သေရင်တောင် အမျှဝေစရာကောင်းမှုမရှိတဲ့လူတွေပဲလေ။ သူတပါးရဲ့ကုသိုလ်ကို ဘယ် ကြည်ဖြူနိုင်ပါ့မလဲ။ တော်လှန်ရေးဆိုတာကြီး စပါပြီ ဆိုကတည်းက တော်လှန်ရေးကို အကြောင်းပြပြီး ယုတ်မာတာတွေချည်း ရွေးလုပ်ခဲ့ကြတဲ့လူတွေဟာ သူတို့ရန်သူရဲ့ လုပ်ရပ်တစ်ခုမှာ ပြိုဆင်းသွားတာပဲ။ 

နောက်တစ်ခုက မင်းသားကျမ်းအရဆိုရင်တော့ ခေါင်းဆောင်တွေဟာ လူထုကို စည်းရုံးချင်ရင် ဘာသာရေးကိုင်းရှိုင်းပြဖို့လိုတယ်။ ဘာသာရေး ကိုင်းရှိုင်းခြင်းဟာ လူကြည်ညိုစရာ၊ သူတော်ကောင်း အသွင်ကို ပေါ်လာစေတယ် (အဲဒီလိုဆိုလို့ အဘတို့ အဖွဲ့ရဲ့ ကုသိုလ်ကို ဝေဖန်နေတာမဟုတ်ပါဘူး) 
Mind Game ကစားလို့ရတယ်လို့ ဆိုလိုတာပါ။ တစ်ဖက်က မထင်မှတ်ဘဲ ပြိုဆင်းသွားတာ။

ဘယ်အထိပြိုဆင်းမလဲဆိုတော့ ငရဲထိပေါ့။ အချိန်ရှိသရွေ့ ပူလောင်နေမယ်၊ နာကျင်နေမယ်၊ မုန်းတီးနေမယ်။ အလိုမကျရင် ဘုရားကအစ စော်ကားမယ်။ ဒါကိုပဲ အမှန်တရားလို အော်ဟစ်ကြမယ်။ အချင်းချင်း အားပေးကြရင်း ဖြေသာရာရှာကြမယ်။ 

လူဆိုတာ အကြောက်လွန်ရင် အစွန်းရောက်လာတတ်တယ်။ သူတို့ရဲ့ အတွေးအခေါ်အစွန်းရောက်မှုတွေဟာ သူတို့ရဲ့ ကြောက်ရွံ့မှုနဲ့ သိမ်ငယ်စိတ်ကို ပြတာပဲ။

ဒါက ဘယ်အထိ တာသွားမလဲဆိုတော့ သေခါနီး ဇောဆိုက်ကြတဲ့ အထိပေါ့။ အကြီးအကျယ် ပင်ပန်းကြလိမ့်မယ်။ ဒါတောင် နစက အနေနဲ့ ပါဝါအသုံးကြမ်းပြီး နိုင်ငံရေးကို အထက်စီးက ဈေးခေါ်ကစားတဲ့ အနေအထားမတွေ့ရသေးဘူး။ သူ့ဘာသာသူတောင် အတော်ကို အထာမကျလို့ ကျွန်တော်တို့တွေ ဝိုင်း ဝေဖန်နေကြတဲ့ အနေအထားပဲရှိသေးတယ်။ 

သို့သော် သူ့ရန်သူက သူ့ထက်ပိုဆိုးနေတော့ ပြုံးရုံပေါ့။ ဘုရားကို စော်ကားကြတယ်လား။ ဇာတ်သိမ်းပို‌ဆိုးသွားကြရုံပေါ့။

တော်ရုံစိတ်မခိုင်ရင် ဉာဏ်မမီတဲ့ နိုင်ငံရေးကို ဝင်မကြောင်ကြတာ ကောင်းပါတယ်။

သန့်နေစိုး 

Post a Comment

Previous Post Next Post