NLDအစိုးရဘာတွေလုပ်ခဲ့သလဲ


ဒီမိုကရေစီမိခင်ကြီးဆိုတဲ့NLDအစိုးရလက်ထက်မှာ ပြည်သူတွေလွတ်လပ်စွာပြောဆိုရေးသားမှုမပြုနိုင်အောင်ပြည်သူ့ဘဏ္ဍာကျပ်သန်းပေါင်း၄၆၂၆သန်းထုတ်သုံးပြီးfacebookဆိုရှယ်မီဒီယာကိုပိတ်ဆို့တားဆီးပါတယ်။

သတင်းဖြန့်ချိမှုအားကောင်းတဲ့ facebookမှာ NLD ထောက်ခံသူတွေ ရိုင်းစိုင်း တာ၊ဗုဒ္ဓဘာသာဘုန်းကြီးတွေကိုဆဲဆိုတာဘာမှ အပိတ်မခံရပေမယ့် NLDဆန့်ကျင်တာရေးရင်၊
ကုလား လို့ရေးရင်အပိတ်ခံရပါတယ်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက် လွှတ်တော်မှာလွတ်လပ်စွာသတင်းယူကြတဲ့မီဒီယာတွေ ဟာNLDအစိုးရလက်ထက်မှာ လွှတ် တော်ကထုတ်လွှင့်ပေးတဲ့တီဗွီကတဆင့်သာ သတင်းယူကြရပါတော့တယ်။

အစိုးရကိုထိထိရောက်ရောက်ဝေဖန်ထောက်ပြဟောပြောသူများကို အစိုးရကိုအကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄-က တွေတပ်ပြီး ဖမ်းဆီးအရေး ယူပြီးပုဒ်မ၁၂၄-ကအများဆုံးအသုံးပြုသွားတဲ့အစိုးရအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အာဏာမရခင်က ဒီမိုကရေစီရရှိရေးဘုန်းဘုန်းများကူညီပါပြောပြီး အာ ဏာရချိန်မှာ ပရိယတ်ပဋိပတ်သာလုပ်ရမယ်လို့ဆိုပါတယ်။(NLDကိုထောက်ခံတဲ့ဘုန်းကြီးတွေဘာလုပ်လုပ်ဝိနည်းနဲ့ညီပြီးမထောက်ခံတဲ့ဘုန်းကြီးတွေဆို ပရိယတ်ပဋိပတ်သာလုပ်ရမယ်ဆိုပါတယ်)

ဒီမိုကရေစီမိခင်ကြီးဆိုတဲ့ NLDအစိုးရလက်ထက်မှာ စစ်တစ်ပိုင်းအစိုးရဆိုတဲ့ ဦးသိန်းစိန်လက်ထက်လောက် လွတ်လပ်စွာဝေဖန်ထောက်ပြပြောဆိုရေးသားခွင့်မရဘူးဆိုတာငြင်းမရတဲ့သမိုင်းမှတ်တမ်းဖြစ်ပြီး အဲဒီကာလအရပ်ဘက်အဖွဲ့အစည်းအသီး သီးရဲ့ ဆန်းစစ်မှတ်တမ်းတွေမှာလည်း တွေ့နိုင်ပါတယ်။

အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ်များ အဂတိလိုက်စားမှုတွေအကြီးအကျယ်ကျူးလွန်ခဲ့ကြတာဖုံးမရဖိမရပေါ်ပေါက်လာပေမယ့် ထိထိရောက်ရောက်အရေးယူမှုမရှိခဲ့တာ အားလုံးမြင်တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။

ဗြိတိန်သံရုံး(MI6)ကဂျိုးဖစ်ရှာကိုအနီးကပ်ခေါ်ထားခြင်း၊ဂျော့ဆိုရော့စ်တပည့်ကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးခန့်အပ်ခြင်း၊နိုင်ငံခြားသားအကြံပေး၉၀ ကျော်ခန့်အပ်ခြင်းများဟာပြည်ပသြဇာခံအစိုးရတစ်ရပ်ရဲ့ပုံရိပ်ကိုသိနိုင်ပါတယ်။

အထူးသဖြင့် စီးပွားရေးအကြံပေးရှောင်တာနယ်ရဲ့အကြံပေးချက်များနဲ့ကိုဖီအာနန်အကြံပေးချက်များဟာတိုင်းပြည်ကိုအကြီးအကျယ် ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။

NLDအစိုးရလက်ထက် ထိထိရောက်ရောက်အားကြိုး မာန်တက် အားထည့်လုပ်သွားတာ ဘင်္ဂါလီအရေးသာ ဖြစ်ပါတယ်။အစိုးရအဆက်ဆက်ပြည်တွင်းရေးနိုင်ငံသားဖြစ်မှုပြဿနာလို့သာကိုင်တွယ်ဖြေရှင်းလာတဲ့ဘင်္ဂါလီပြဿနာကို နိုင်ငံတကာပြဿနာအဖြစ်ဆွဲတင်လိုက်ပြီးကိုဖီအာနန်ကော်မရှင်၊ဘင်္ဂါလီနိုင်ငံသားပေးရေးတွေနဲ့သာအချိန်ကုန်ခဲ့တဲ့အတွက် အမေရိကန်အနောက်အုပ်စု အိုအိုင်စီအလိုကျ လိုက်လုပ် နေတဲ့အစိုးရတစ်ရပ်အဖြစ်မြင်တွေ့ခဲ့ကြရပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post