ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် တပည့်သံဃာ ၂ပါး ကို CDF/PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားကြပြန်ပြီ


ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဥူးသုနန္ဒနှင့် တပည့်သံဃာနှစ်ပါးအား ၁၀-၈-၂၀၂၃ ရက်နေ့က ကလေးမြို့သို့သွားစဉ် CDF/PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ဆရာတော်က မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်မိန့်ကြားသည်။
ဆရာတော်က "ဒိုးနွယ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဥူးသုနန္ဒနှင့် တပည့်သံဃာနှစ်ပါး ကလေးမြို့သွားစဉ် ကလေးမြို့နဲ့ ၁၅မိုင်အကွာအဝေးရှိသော နတ်ချောင်းကျေးရွာ၌ အကြမ်းဖက်အဖွဲ့များဖြစ်ကြသော CDF/PDF အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နတ်ချောင်းကျေးရွာသည် အကြမ်းဖက်များ ခြေကုတ်ယူထားသော ကျေးရွာဖြစ်ပြီး ဆက်ကြေးကောက် ဓားမြတိုက် လူသတ်သော အကြမ်းဖက်လုပ်ရပ်မျိုးစုံ ကျူးလွန်နေကြပါတယ်။" ဟု မိန့်ကြားသည်။
ယခုရက်ပိုင်းအတွင်း မတ္တရာမြို့နယ်တွင် ဘကကျောင်းဆရာတော်တစ်ပါးကို PDF အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ခင်ဦးမြို့နယ်တွင် PDF အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ရသည်။ PDFနှင့် ပူးပေါင်းဆောင်ရွက်နေသော အချို့သော EAO အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၈၀ ကျော်အထိ ပျံလွန်တော်မူခဲ့ရပြီးဖြစ်ရာ ဘာသာရေးအစွန်းရောက်စိတ်ဖြင့် ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လုပ်ရပ်များမှာ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေဆဲဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ၈-၈-၂၀၂၃ ရက်နေ့က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

#MyanmarNationalPost

Post a Comment

Previous Post Next Post