မရိုးသားတဲ့EAOsတွေကိုဘာလုပ်သင့်သလဲ


တနေ့က သတင်းစာရှင်းလင်းပွဲမှာ
ဗိုလ်ချုပ်ဇော်မင်းထွန်း က ဗမာနဲ့
ဗမာအချင်းချင်း သတ်ဖြတ်နေတာ
ကို ဗမာတွေက မြှောက်ပေးနေတယ်
လို့ သတင်းထောက်တစ်ဦးရဲ့ အမေးကို
ထုတ်ပြောခဲ့တယ်။တိုတိုနဲ့ ထိရောက်
တဲ့ စကားမို့လို့ သဘောကျမိတယ်။

ဗမာတွေ အမျိုးသားစည်းလုံးညီညွတ်မှု
ပျက်ပြားနေတာကို EAOs တွေ အခွင့်
အရေးယူအမြတ်ထုတ်နေကြောင်း ကျွန်တော်
မကြာခဏ ရေးလေ့ရှိပါတယ်။ဒီလို ရေးတာ
ဟာ လူမျိုးရေး မှိုင်းတိုက်တာ ရန်တိုက်တာ
မဟုတ်ဘဲ ဗမာPDF တွေ ကို အသိပေး သတိ
ပေးပြီး အသိ သတိ ရှိလာအောင် ရေးပေး
ခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဗမာPDF တွေ ကတော့ အခုအချိန်ထိ
အသုံးချခံဘဝ ကနေ မလွတ်ကြသေး ပါဘူး။

အခုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း စကားကို
မီဒီယာတွေ က ဝိုင်းပြီးဖုံးဖိထားကြလို့ ဒီစကား
ဟာ ထင်သလောက် တွင်တွင်ကျယ်ကျယ်နဲ့ လူထု
ကြားထဲ ရောက်မလာခဲ့ပြန်ဘူး။သဘော ကတော့
ဒီလို စကားတွေ ကတဆင့် ဗမာတွေ အသိ သတိ
ဝင်သွားပြီး ဗမာ ဗမာအချင်း ပြန်လည်သင့်မြတ်
သွားမှာကို မလိုလားကြလို့ပါ။

တစ်ခါ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပဲ KIA ခေါင်း
ဆောင်တစ်ဦးရဲ့ စကားကို ကိုးကားပြီး KIA တပ်မဟာ၉ ရဲ့ လက်နက်တိုက် တစ်ခုပဲ ဖွင့်ရသေးတယ်။စစ်ကိုင်းတိုင်း တစ်ခုလုံး လောင်ကျွမ်းပျက်စီးသွားတယ်။

အကယ်၍သာ KIA မှာ ရှိတဲ့ လက်နက်တိုက်တွေ
အကုန်ဖွင့်လိုက်မယ်ဆိုရင် တစ်တိုင်းပြည် လုံး
လောင်ကျွမ်းပျက်စီးသွားမယ် ဆိုပြီး ပါ KIA ရဲ့
မြန်မာပြည် အပေါ် ယုတ်မာချက်ကို ပါ ထုတ်နှုတ်
ပြောဆိုခဲ့ပါတယ်။

ဒီစကားကြောင့်ထင်တယ်။ဂမ်မော် တစ်ယောက်
တီကောင် ဆားပတ်ခံရသလို ထွန့်ထွန့်လူးသွားပြီး
လိုင်းပေါ်တောင် သတင်းထောက်နှစ်ဦးပုံနဲ့ မှတ်တမ်း
ဆိုပြီး ရေး တင်လာခဲ့တာ တွေ့ရတယ်။

ဒါကြောင့် ပြောချင်တာ မြန်မာ့သမိုင်း တစ်လျှောက်
ဒီလောက် တုံးပြီး ညံ့သွားတဲ့ ဗမာတွေ ကို အခုမှ
ပဲ ကျွန်တော်မြင်ဖူးပါတယ်။ အခုဖြစ်နေတာ
က ပုဂံ ခေတ် ပျက်လို့ ၊ အင်းဝခေတ်ပျက်လို့
အစိုးရ ကို သူပုန် သူကန် ထတာနဲ့ တူနေတယ်။
ဒါပေမဲ့ အဲဒီတုန်းက သူပုန် သူကန် ထတာက
အခု လို ဗမာ ဗမာချင်း ချတာ၊ သတ်ဖြတ်တာ
မျိုး မဟုတ်ဘူး။

၁၃၈၆ ခုနှစ် က ဗမာနဲ့ မွန် ချတဲ့ အင်းဝ ဟံသာဝတီ
နှစ်၄၀ စစ်ပွဲမျိုးသာ ရှိခဲ့တာ။

အခုတော့ ဘယ်ဟုတ်မလဲ။ဗမာ နဲ့ ဗမာ ချတာ
ကို လက်ခုပ်တီး မြှောက်ပေးနေကြတာ တော်
တော်လေး စိတ်ပျက်မိပါတယ်။

တစ်ခါတလေ တော့လည်း သဘောထားကြီး
လွန်းတဲ့ တာဝန်ရှိလူကြီးမင်းတွေကိုလည်း
အံ့ဩမိပါရဲ့။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ က နိုင်ငံရေး
အပြောင်းအလဲ ဖြစ်တော့ ဒေါနအရှေ့ခြမ်းမှာ
စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတုန်း နေပြည်
တော် စစ်ရုံးက ကျွန်တော့် ကို ခေါ်လို့ ကျွန်တော်
နေပြည်တော် ကို ရောက်ခဲ့တယ်။ရောက်ရောက်
ချင်းမှာပဲ လူကြီးတစ်ယောက်နဲ့ သွားတွေ့တဲ့
အခါ မင်းကို ဒီခေါ်ရတဲ့ အကြောင်းရင် က
လူမှုကွန်ယက်မီဒီယာတွေမှာ ကောင်တာမီဒီယာ
ပြန်ရေး ဖို့ ခေါ်တာ ဖြစ်တယ်။မင်း လုပ်နိုင်သမျှ
ကြိုးစားရေးပါ ဆိုပြီး တာဝန်ပေးပါတယ်။

ကိုယ်ဝါသနာ ပါတဲ့ အလုပ်ဖြစ်လို့ ထင်တာ
ထက် အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့လွန်း
လို့ FB ရဲ့ပစ်မှတ်ဖြစ်ခဲ့ရပြီး အဲဒီတုန်းက
သုံးခဲ့တဲ့ ဟမ်းဆက် က သုံးလို့ မရအောင်
အထိ ကို ဇူကာဘက် ဘမ်းပစ်လိုက်တာ
အကောင့် ပေါင်း သက်စေ့ ကျော်သွားတဲ့
အထိကို တစ်တပတ်တစ်ကြိမ်လောက်
အကောင့် ပျက်နေလို့ နောက်ဆုံး ဟမ်းဆက်
ပါ ပြောင်းပြီး သုံးနေရတဲ့ အထိဖြစ်ခဲ့တယ်။

အဲဒီချိန်က လူကြီးတွေ ကို ကျွန်တော်
အကြံပေးခဲ့တာက KIA ကို ဘယ်လို
ကစားမလဲ။AA ကို ဘယ်လို ကစား
မလဲ။KNU ကို ဘယ်လို ကစားသင့်တယ်
ကစပြီး ဝ တွေ ကို ဘယ်လို ကစားသင့်
တယ်အထိ ကျွန်တော် အကြံပေးခဲ့ဖူး
ပါတယ်။

ဒါပေမဲ့ လူကြီးမင်းများကတော့ တိုင်းရင်း
သား စည်းလုံးညီညွတ်မှု ပျက်ပြားမှာကွာ
မလုပ်ပါနဲ့ ဆိုတာနဲ့ပဲ ဒီကနေ့ ဗမာနဲ့ ဗမာ
အချင်းချင်းချတဲ့ ဗျူဟာနဲ့ EAOsတွေ
ရဲ့ ကျင့်သုံးခြင်း ခံလိုက်ရပြီး ဗမာတွေ
နေ့စဥ် အကြမ်းဖက်အသက်ခံနေရတာ
ကြည့်ရင်း ရင်နာမဆုံး ဖြစ်ရပါတယ်။

ဒါကြောင့် ထပ်ပြောချင်တာက ကျွန်တော်
တို့တွေ ရိုးသားခဲ့သလောက် EAOs တွေ
ရိုးသားခဲ့ရဲ့လား ဆိုတာ ကို ပြန်ဆန်းစစ်ပြီး
မရိုးသား မဖြူစင်တဲ့ EAOs တွေကို တော့
သူနဲ့ တန်ရာ တန်ရာ အပစ်ပေး အရေးယူ
ဖို့တော့ လိုနေပြီးလို့ ယူဆမိတယ်။

အောင်နိုင်သူ

Post a Comment

Previous Post Next Post