စစ်အာဏာရှင်KIAနဲ့KNU


ကိုယ်တိုင်စစ်အာဏာရှင်ဖြစ်နေတဲ့ KIA,KNUက စစ်အာဏာရှင်အမြစ်ပြတ်ရေးလို့ ကြွေးကြော်နေပါတယ်။KIAဟာကချင် ပြည်နယ်ကိုယ်စားပြုအဖွဲ့အဖြစ်ကချင် ပြည်နယ်လူထုက တင်မြှောက်ထားတာမဟုတ်သလိုကရင်ပြည်နယ်လူထုကလည်းကရင်ပြည်နယ်ကိုယ်စားပြုအဖွဲ့အဖြစ် KNUကို တင်မြှောက်ထားတာမဟုတ်ဘဲ လက်နက် ကိုင် ပြီး ကိုယ့်ဖာသာကိုယ်တင်မြှောက်တာဖြစ်လို့ စစ်အာဏာရှင်ပဲ ဖြစ်ပါတယ်။

ဒီစကားမှန်မမှန်သိချင်ရင် ကချင်ပြည်နယ်ကရင်ပြည်နယ်တွေမှာ လူထု ဆန္ဒ ခံယူပွဲလုပ်ကြည့်ရင်သိနိုင်ပါတယ်။KIAကိုကချင်ပြည်နယ်လူထုထောက်ခံမထောက်ခံ ဆန္ဒခံယူပွဲလုပ်ကြည့်ပါ။ကချင်မျိုးနွယ်စုမှာKIAကဂျိန်းဖောလူမျိုးကြီးဝါဒကျင့်သုံးတဲ့အတွက်အခြားမျိုးနွယ်စုတွေကမကျေနပ်သလို ဗိုလ်ချုပ်အောင်ဆန်းကောင်းမှုနဲ့ရထားတဲ့ လက်ရှိကချင်ပြည်နယ်အကျယ်အဝန်းအရ ကချင်ပြည်နယ်အတွင်းမှာ ကချင်လူမျိုးထက် ရှမ်း၊ဗမာ၊ တရုတ်ကပိုများနေတဲ့အတွက်(KIAနှိပ်စက်တာလည်းခံနေရတဲ့အတွက်) KIAဟာကချင်ပြည်နယ်လူထုအများစုထောက်ခံတဲ့အဖွဲ့အစည်းဖြစ်ဖို့မဖြစ်နိုင်ပါဘူး။

လက်ရှိ KNU ဗဟိုကော်မတီအသစ်သွားနေတဲ့ လက်နက်ကိုင်စစ်ရေးလမ်းစဥ်နဲ့ ငြိမ်းချမ်းရေးလမ်းစဥ်မှာ ကရင် ပြည်နယ်လူထု ဘာကိုရွေးချင်သလဲ ဆိုတာမဲပုံးထောင်ပြီး ဆန္ဒခံယူကြည့်ပါ။ကရင် ပြည်နယ်လူထုဟာ စစ်ဘေးစစ်ဒဏ်နှစ်ရှည်ခံခဲ့ရသူတွေဖြစ်သလို စစ်ရဲ့ဆိုးကျိုးတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့စစ်ကိုစိတ်ပျက်နေကြပြီဖြစ်တဲ့အတွက် အများစုက စစ်ရေးလမ်းကိုမရွေးကြမှာသေချာပါတယ်။

ကချင်ပြည်နယ်မှာကချင်လူမျိုးထက်အခြားလူမျိုးကပိုများသလိုကရင်ပြည်နယ်မှာ ရှိတဲ့ကရင်လူမျိုးထက်အခြားပြည်နယ်တိုင်းဒေသကြီးမှာရှိတဲ့ကရင်လူမျိုးကပိုများပါတယ်။လူမျိုးအရေးလား၊ပြည်နယ်အရေးလားဆိုတာ သေချာစဥ်းစားကြဖို့လိုပါတယ်။

NUGဟာPDFကိုအုပ်ချုပ်တယ်ဆိုပေမယ့်လက်တွေ့ မြေပြင်မှာ PDFကိုချုပ်ကိုင်ချယ်လှယ်နေတာ KIA,KNUဖြစ်ပါတယ်။KIAဟာယခင်ကတည်းက NCAလက်မှတ်မထိုးခဲ့သလိုNCAထိုးခဲ့တဲ့  KNUကလည်း NCAပျက်ပြီလို့တရားဝင်ကြေညာလိုက်ပြီဖြစ်လို့ PDF နှိမ်နှင်းရေးမှာKIA,KNUကို ချေမှုန်းနိုင်ဖို့ လိုပါတယ်။

KIA,KNUစတင်ပေါ်ပေါက်လာတာ တပ်မတော်ကအာဏာယူထားတဲ့ကာလတွေမဟုတ်ဘဲ ဒီမိုကရေစီနည်းကျ လူထုတင်မြှောက်ထားတဲ့ ဖဆပလ အစိုးရလက်ထက်ဖြစ်လို့ စစ်အာဏာရှင်အမြစ်ပြတ်ရေးမဟုတ်ဘဲ မူလအရင်းအမြစ်က ဗမာလူမျိုးကြီးဝါဒမုန်းတီးရေးဖြစ်တဲ့အတွက် အခုNUG,CRPHနဲ့ ယာယီမဟာမိတ်ဖြစ်နေပေမယ့်  စစ်အာဏာရှင်တော်လှန်ရေးပြီးရင်မလွှဲမသွေရန်သူပြန်ဖြစ်ကြအုံးမှာဖြစ်ပါတယ်။

လောလောဆယ်တော့ PDFကိုနှိမ်နှင်းဖို့ KIA,KNUကို EAOလို့သတ်မှတ်လို့မရဘဲအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ချေမှုန်းဖို့ လိုအပ်နေပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post